e-Government လုပ်ငန်းအတွက် ဘတ်ဂျက်တင်လာပါက မဖြတ်တောက်ရန် ပြောထားဟုဆို

 e-Government လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရန် ဘတ်ဂျက်တင်သွင်းလာပါက စိစစ်ဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပြုပေးရန် လွှတ်တော်အတွင်း  ပြောထားကြောင်း ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောသည်။

လွှတ်တော်သည် e-Gover-nment လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရာတွင် အဓိက ကျသည့် ပင်မစီမံကိန်း (Master Plan) ကို အတည်ပြုနိုင်ရန် ကူညီ ဆောင်ရွက်နေသည့်အပြင် ဘတ် ဂျက်တောင်းခံခြင်းကို ဖြတ် တောက်ခြင်းမရှိဘဲ ခွင့်ပြုပေးနေ ကြောင်း ၎င်းက ဆိုသည်။


သို့သော်လုပ်ငန်းလည်ပတ်ရန်လိုအပ်သော နည်းပညာပစ္စည်းများဝယ်ယူရန် ဘတ်ဂျက်ဖြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစိုးရသည် e-Govern-ment လုပ်ငန်းစဉ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်လို ပါက သီးခြားဘတ်ဂျက်သတ်မှတ် ပေးသင့်ကြောင်း မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ်မှ ဦးခွန်ဦးက ပြောသည်။ ဘတ်ဂျက်သတ်မှတ် ရာတွင် အခြားနိုင်ငံများနည်းတူ နိုင်ငံတော်ဘတ်ဂျက်၏ ၂ ရာခိုင် နှုန်းမှ ၃ ရာခိုင်နှုန်းအထိ သီးခြား သတ်မှတ်ပေးသင့်ကြောင်း ၎င်း က ပြောသည်။

၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်း စိန်အစိုးရလက်ထက်တွင် ၀န်ကြီး ဌာနအားလုံးကို လပေါင်း ၂၀ e- Government စီမံကိန်းရေးဆွဲစေ ခဲ့ပြီး သီးခြားဘတ်ဂျက်အသုံးပြု ခွင့်ကိုလည်း လွှတ်တော်တွင် ဆွေးနွေးစေခဲ့သည်။ လက်ရှိတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနသည် အမျိုးသားအ ဆင့် ၀က်ဘ်ပေါ်တယ်နှင့် အစိုးရ e-Government ဒေတာစင်တာကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ စတင်တည်ဆောက်နေပြီ ဖြစ်သည်။