လေဖိအားနည်းရပ်ဝန်း အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ယနေ့ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် ရှိ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)၀င်ရောက်နိုင် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်း ထားသည်။

နိုဝင်ဘာ ၁၄ ရက်တိုင်းတာ ချက်အရ လေဖိအားနည်းရပ်ဝန်း သည် တိမ်တိုက် (Maincells) နှစ် ခုကွဲထွက်ပြီးနောက် ၂၄ နာရီအတွင်း အိန္ဒိယအရှေ့ဘက်ကမ်း ခြေကို ဖြတ်သန်းဝင်ရောက်ကာ အားလျော့သွားနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

မိုးဇလဌာန၏ နိုဝင်ဘာ ၁၄ ရက်ထုတ်ပြန်ချက်တွင် လေဖိ အားနည်းရပ်ဝန်းကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အများစု တွင် နေရာကွက်၍ မိုးရွာနိုင် ကြောင်း သတိပေးထားသည်။

      လေဖိအားနည်းရပ်ဝန်းအရှိန် ကြောင့် မွန်ပြည်နယ်ချောင်းဆုံနှင့် မုဒုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့တွင် ပုံမှန်ထက် မိုးကောင်းခဲ့ကြောင်း ထုတ်ပြန် ထားသည်။