မြန်မာဘက်မှ ၀င်ရောက်လာသူ ခြောက်သိန်းကျော်ကို အမြန်ဆုံးပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှ်အဆိုပြု

နှစ်နိုင်ငံနယ်စပ်တွင် ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူများကို ဖမ်းဆီးပေးရန် မြန်မာဘက်က ပြန်လည်အဆိုပြု

တစ်နှစ်အတွင်း မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသူ ခြောက်သိန်းကျော်ရှိပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာ ဗဟို အဆင့်အစည်းအဝေးတွင် အဆိုပြုတောင်းဆိုသည်။

နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်တွင် ကျင်းပ သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာဗဟိုအဆင့် အစည်းအဝေး၌ ဘင်္ဂ လားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် အဘူဟူစိန်က အထက်ပါအတိုင်း အဆိုပြုခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့အနေနဲ့ တောင်းဆိုလိုတာက ဒီလို မျိုးထွက်ခွာနေတဲ့ကိစ္စရပ်တွေကို အမြန်ဆုံးရပ်တန့် ပေးဖို့ရယ်၊ နောက်ပြီးတော့ ရောက်ရှိလာကြတဲ့ လူတွေကို အမြန်ဆုံး ပြန်လည်ခေါ်ယူ ပေးဖို့အတွက်ကို တင်ပြလိုပါတယ်’’ဟု ၎င်းကပြောသည်။

နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်သို့ ၀င်ရောက်လာသူသည် ၂၀၁၆ ကစတင်ကာ လက်ရှိအချိန်ထိ ခြောက်သိန်း ကျော်ရှိပြီဟု ခန့်မှန်းထားကြောင်း ဗိုလ်ချုပ် အဘူဟူစိန်က ပြောသည်။ ယင်းသို့ရောက်ရှိခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပြီး ယင်းကိစ္စ အပေါ် နိုင်ငံတကာကလည်း ၀ိုင်းဝန်းအဖြေရှာနေသည်ဟု ၎င်းကဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးသို့ မြန်မာဘက်မှ ရဲမှူးချုပ်မျိုးဆွေ ၀င်းဦးဆောင်ကာ ပြည်ထဲရေးဝန် ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာ န၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူ ၀င်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ ညွှန် ကြားရေးမှူးချုပ်ဗိုလ်ချုပ် အဘူ ဟူစိန်(Abul Hossain) ဦးဆောင် သည့် အဖွဲ့တို့ တက်ရောက်ခဲ့ သည်။

‘‘အခု  ဆွေးနွေးပွဲမှာလည်း ပဲ နှစ်နိုင်ငံ နယ်စပ်ဒေသအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အိမ်နီးချင်းကောင်းပီသစွာ အပြု သဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းဖြေရှင်းသွားရန် ပြင်ဆင်  ဆောင်ရွက်ထားပါကြောင်း ပြောကြားလိုပါတယ်’’ ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ရဲမှူးချုပ် မျိုးဆွေ ၀င်းက ဆွေးနွေးပွဲ၌ ပြောသည်။

‘‘တစ်ဖက်တစ်ဖက် ပြဿ နာတစ်ခုဖြစ်တယ်ဆိုရင် မစူးစမ်း မဆင်ခြင်ဘဲနဲ့ စွပ်စွဲတယ်။ မစူး စမ်းမဆင်ခြင်ဘဲနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ဟာတွေကို တာဝန်ရှိသူတွေကနေပြီးတော့မှ ထိန်းသိမ်းပြီးတော့မှ ချစ်ကြည် ရင်းနှီးမှုကို အခြေခံပြီးတော့ အပြု သဘောဆောင်တဲ့ ရလဒ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆောင် ရွက်မှုမျိုးနဲ့ပဲ ကျွန်တော်တို့ဖြေရှင်း ကြမယ်ဆိုပြီးတော့ ဒီအစည်းအ ဝေးမှာ ဆွေးနွေးကြတာ ဖြစ်ပါ တယ်’’ ဟု နိုင်ငံဖြတ်ကျော်မှုခင်း ဌာန ဌာနကြီးမှူး ရဲမှူးချုပ်အောင် ဌေးမြင့်က ပြောသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်တွင် ရာဇ၀တ်မှုကျူးလွန်ကာ တစ်ဖက် နိုင်ငံသို့ ရောက်ရှိနေသော တရားခံပြေးများရှိနေပြီး ယင်းနှင့်ပတ် သက်၍ အပြန်အလှန်သတင်း အချက်အလက် ဖလှယ်ကာ ဖမ်း ဆီးပေးရန် တောင်းဆိုထားကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ က နေပြည်တော်၌ ကျင်းပသော မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ရလဒ်များကို လုပ်ငန်းမူ ဘောင်အဖြစ် သတ်မှတ်ပြီး အကောင်အထည်ဖော်မည်ဟုလည်းရဲမှူးချုပ် မျိုးဆွေဝင်းကဆိုသည်။

အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့သော နေပြည်တော်အ စည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် ၁၀ ချက်ရရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မြန်မာနိုင်ငံသားများ ၀င်ရောက်မှု ချက်ချင်းရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများကို ပြန်လည် နေရာချထားရေး ၂၀၁၇ နိုဝင်ဘာတွင် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်၊ရခိုင်ဒေသမှ စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ သဘောတူညီ ချက်ကို အပြီးသတ်ဆောင်ရွက် ရန် စသည့်အချက်များ  ပါဝင် သည်။  မြန်မာဘက်မှ ဘင်္ဂလား ဒေ့ရှ်သို့ ရောက်ရှိသူစာရင်းပေးပို့ ရန် ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းထားသကဲ့သို့ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများ ပြန်လည်လက်ခံရေး သဘောတူညီချက် မူကြမ်းကိုလည်း မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးပို့ ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ သူများ အမြန်ဆုံးပြန်လည်ခေါ်ယူ ရန် မြန်မာအစိုးရက ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်ခြင်းအပါအ၀င် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများ ပြန် လည်လက်ခံရေးကို ၁၉၉၃ နှစ်နိုင်ငံ သဘောတူညီထားသည့် သဘောတူညီချက်များအတိုင်း အချိန်မရွေးဆောင်ရွက်ရန် အ သင့်ဖြစ်ကြောင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကမ္ဘာသို့ ပြောကြား ထားသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုလည်း ယခုနိုဝင်ဘာအတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန်ဖိတ်ကြားထား သည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေး  နှစ်နိုင်ငံသဘောတူညီချက်များ  ပါဝင်သည့် MoU တစ်ရပ်ကို မကြာမီကာလအတွင်း လက်မှတ်ရေးထိုးမည်ဟု ရဲမှူးချုပ်အောင်ဌေးမြင့်ကပြောသည်။

မြန်မာနိုင်ငံဘက်မှ ရာဘ အပါအ၀င် စိတ်ကြွဆေးများ ဘင်္ဂ လားဒေ့ရှ်ဘက်သို့ ၀င်နေသည့် ကိစ္စများသည် ဘင်္ဂလားဒေ့ရှ်သာ မက နိုင်ငံတကာကိုပါ ထိခိုက်စေ သည့် အကြောင်းအချက်ဖြစ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေမှုများကို အမြန်ဆုံး တိုက်ဖျက်ပေးရန် ဘင်္ဂလားဒေ့ရှ်က ဆွေးနွေးခဲ့ပြီး အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး မှုများကို ဘုံရန်သူအဖြစ် သတ် မှတ်နှိမ်နင်းရန် နှစ်နိုင်ငံအရာရှိ များ ဆွေးနွေးခဲ့သည်။

Top News