ဘူးသီးတောင်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ၏ညီကို နေအိမ်တွင် စိတ်ကြွဆေးပြားတစ်သန်းခန့်နှင့်အတူ ဖမ်းမိ

 ဘူးသီးတောင်မြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ၏ ညီဖြစ်သူကို နေအိမ်၌ ကျပ် နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းခုနစ်သောင်းနှင့်အတူ နိုဝင်ဘာ ၁၃ ရက်တွင် သက်ဆိုင်ရာက ဖမ်းဆီးမိခဲ့သည်။

ဘူးသီးတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေး ၀ါးသတင်းအရ နိုဝင်ဘာ ၁၃ ရက်တွင် ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်ဒီချုပ်ဥက္ကဋ္ဌ၏ ညီဖြစ်သူ ဦးစိုးပိုင်နေအိမ်သို့ ၀င်ရောက်စစ်ဆေးရာ သံသေတ္တာဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။


မူးယစ်ဆေးဝါးများတွေ့ရှိမှု နှင့် ပတ်သက်၍ ဘူးသီးတောင် မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးရဲသိန်းက ‘‘ဒီဟာက ကျွန်တော့်အမေနေအိမ်ပါ။ ကျွန်တော်က ရုံးမှာနေတာ ကိုးလလောက်ရှိပါပြီ။ မူးယစ် ဆေးဝါးဘယ်ကရလဲ၊ ဘယ်သူ့ ဆီကရလဲ အဆင့်ဆင့်စစ်ဆေးရ မယ်။ မူးယစ်ဆေးဝါးမှာ ခြေ ထောက်မပါဘူး။ ဘယ်သူတွေ သယ်လာလဲ ဖော်ထုတ်ရမယ်။ အဲဒီလိုဖော်ထုတ်နိုင်မှ မူးယစ် ဆေးဝါးကင်းစင်တဲ့ နိုင်ငံဖြစ်လာ မယ်’’ဟု ပြောသည်။

လက်ရှိတွင် မြို့နယ်ဒီိချုပ် ဥက္ကဋ္ဌ၏ ညီဖြစ်သူ ဦးစိုးပိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနေကြောင်း ရဲအရာရှိက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာများ တွင်မူ ဘူးသီးတောင်မြို့နယ်ဒီ ချုပ်ဥက္ကဋ္ဌ၏ နေအိမ်၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သတင်းများပျံ့နှံ့လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်ဒီချုပ် ပါတီဥက္ကဋ္ဌ၏ ညီအိမ်တွင် စိတ် ကြွဆေးပြားများဖမ်းဆီးရမိခြင်း နှင့်ပတ်သက်၍ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ‘‘အဲ့ဒီကိစ္စကို ကျွန်တော်တို့ မသိသေး ဘူး။ ပြန်မေးလိုက်ဦးမယ်။ တရား ရုံးနဲ့  ရဲနဲ့ သူတို့ဥပဒေပါတဲ့အ တိုင်း ဆောင်ရွက်ပြီးမှ ကျွန်တော်တို့က စဉ်းစားလို့ရမယ်။ နည်းနည်းစောင့်ကြည့်ရဦးမှာပေါ့’’ဟု နိုဝင် ဘာ ၁၄ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မောင် တောမြို့နယ်တွင် ငါးရက်အတွင်း ရဲတပ်ဖွဲ့က ကျပ် သုံးဘီလီယံကျော်(သိန်းသုံးသောင်းကျော်)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ဇန်န၀ါရီမှ ဇူလိုင်အထိ WY စိတ် ကြွရူးသွပ်ဆေးပြား ၁၂ဒသမ၇,၃၈၆ ဘီလီယံကျော်ဖိုး ဖမ်းဆီး  မိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းတွင် ဖော်ပြသည်။