ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသ ငါးလုပ်ငန်းဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁၀ သန်း အသုံးပြုဆောင်ရွက်နေ

 ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသ ငါးလုပ်ငန်း ဖွံ့ဖြိုးရေး ဒိန်းမတ်နိုင်ငံက ကူညီ ထားသည့် ကန်ဒေါ်လာ ၁၀ သန်း ခန့်ဖြင့် အသုံးပြုဆောင်ရွက်နေ ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငါးလုပ်ငန်းဖွံ့ဖြိုးရေးလုပ် ငန်းများကို နိုဝင်ဘာအတွင်း စတင်လုပ်ဆောင်ကာ သက်ဆိုင် ရာဒေသနှင့် ကိုက်ညီသော ဥပဒေ၊နည်းဥပဒေများပြဋ္ဌာန်းပြီး ရေလုပ်ငန်းအစုအဖွဲ့များ ပါဝင်ဆောင် ရွက်ရေး၊ ဝန်ထမ်းများ စွမ်းရည် မြှင့် သင်တန်းပေးရေး၊ တရား မဝင်ငါးဖမ်းဆီးမှုလျှော့ချရေး၊ တန်ဖိုးမြင့်ငါးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ငါးမဖမ်းရရာသီ တွင် ရေလုပ်သားများအား အခြားဝင်ငွေရလုပ်ငန်းများ ဖန်တီးပေး ရေးတို့၌ အဆိုပါ ငွေကြေးများ အသုံးပြုလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။


 ငါးလုပ်ငန်းဖွံ့ဖြိုးရေးစီမံ ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ နယ် ကျေးတောပိုက်ဆိပ်၊ သဲ ချောင်း၊ ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာတွင် အကောင်အထည်ဖော်နေပြီး တနင်္သာရီ ကမ်းရိုးတန်း၌ ကျေးရွာငါးရွာကို လာမည့် ၂၀၂၀ ပြည့်နှစ်ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြော သည်။

‘‘ဒီငါးလုပ်ငန်းဖွံ့ဖြိုးရေးအ တွက် ပြီးခဲ့တဲ့ ၂၀၁၄-၁၅ လောက်ကနေ စိစစ်ခဲ့တာပါ။ ဘယ်နေရာ တွေကို အရင်လုပ်ရင်ကောင်း မလဲဆိုပြီးတော့လေ’’ဟု ၎င်းက ပြောသည်။

ယခင်က ငါးသယံဇာတပေါ များစွာ ဖမ်းဆီးရမိသည့် ရခိုင် ကမ်းရိုးတန်းဒေသတွင် ငါးရှားပါး မှုကြောင့် ရေလုပ်သားများ အဆင်မပြေဖြစ်လာသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာပြီဖြစ်ကြောင်း သံတွဲမြို့နယ် ဂျိတ္တောကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ် ဦးက ပြောသည်။

‘‘မြစ်ချောင်းနဲ့ ပင်လယ်မှာ ငါးရှားလာတာရယ်၊ သဘာဝ ဘေး၊ လူဘေးတွေကြောင့် ငါး ဖမ်းလုပ်ငန်းကို ပုံမှန်မလုပ်ကိုင် နိုင်တာတွေကြောင့် ရခိုင်ရေလုပ် သားတွေလည်း တဖြည်းဖြည်း အ ဆင်မပြေဖြစ်လာပါတယ်။ သက် ဆိုင်ရာက အခုလို ငါးလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်မယ်ဆိုတော့ ရေလုပ်သားတွေအတွက် အနည်းနဲ့အများ အကျိုးရှိမှာပါ’’ဟု ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှ ရေလုပ်သား ဦးရဲမင်းက ပြောသည်။

Top News