ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုတွင် ထိုက်ချိမာစတာအဖြစ် သရုပ်ဆောင်သော တရုတ်ဘီလျံနာသူဌေး ဂျက်မား

တရုတ်ဘီလျံနာသူဌေး ဂျက်မားသည် "Gong Shou Dao" ရုပ်ရှင်ဇာတ်လမ်းတိုတွင် နာမည်ကျော် တိုက်ခိုက်ရေးသ မားများနှင့် ယှဉ်ပြိုင်တိုက်ခိုက် သည့် ထိုက်ချိမာစတာတစ်ဦးအ ဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

မိနစ် ၂၀ ကျော် ကြာမြင့် သော အဆိုပါရုပ်ရှင်ဇာတ်လမ်း တိုတွင် အလီဘာဘာအုပ်စုတည် ထောင်သူ ဂျက်မားသည် ကျော် ကြားသည့် တိုက်ခိုက်ရေးသမား များဖြစ်သော ဂျက်လီ၊ ဒိုနီယာ ယန်၊ ဆမ်မိုဟန်ကမ်ဘို၊ ချန်ပီယံ လက်ဝှေ့သမား ဇိုရှိမင်၊ ထိုင်း မင်းသား တိုနီဂျာနှင့် အငြိမ်းစား ဆူမိုချန်ပီယံ အာဆာရှိယူအာခီ နိုရီတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရ သည်။


 ထိုရုပ်ရှင်ဇာတ်လမ်းတို သည် နိုဝင်ဘာ ၁၁ ရက်က ကနဦးထွက်ရှိလာပြီး နောက်တစ်နေ့ တွင် တရုတ်မင်းသား ဂျက်လီ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ အဆိုပါရုပ်ရှင်ဇာတ်လမ်း အ ပြည့်အစုံကို ဖော်ပြထားသည်။

အွန်လိုင်း သုံးစွဲသူများအ ကြား ရေပန်းစားခဲ့သော ထိုဗီဒီ ယိုဖိုင်ကို ကြည့်ရှုသူ ၇၅၂,၀၀၀ ကျော်အထိ ရှိခဲ့သည်။

 ထိုရုပ်ရှင်တွင် ဂျက်မား သည် ထိုက်ချိကိုယ်ခံပညာကို ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့ သော ထိုက်ချိမာစတာတစ်ဦးအ ဖြစ် သရုပ်ဆောင်ထားသည်။

‘‘ဒီဗီဒီယိုဖိုင်က ကျွန်တော့်ရဲ့ မိတ်ဆွေ ဂျက်မားရဲ့ ထိုက်ချိမာ စတာအဖြစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တိုပါ’’ဟု ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဂျက်လီက ရေးသား ပြီး ထိုရုပ်ရှင်တိုကို ၎င်းကိုယ်တိုင် အမှုဆောင်ဒါရိုက်တာအဖြစ် ပါ ဝင်ရိုက်ကူးထားကြောင်း ပြော ကြားသည်။

—Ref: thestar.com