အာရှခရီးစဉ်အတွင်း ကုန်သွယ်ရေးအောင်မြင်မှုများကို ဒေါ်နယ်ထရန့်ချီးကျူး

 အာရှငါးနိုင်ငံခရီးစဉ်အ တွင်း ၎င်း၏ ကုန်သွယ်ရေးအောင် မြင်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချီးကျူးခဲ့ပြီး ဝါရှင်တန်သို့ ပြန်ရောက်သည့်အ ခါ ပိုမိုအလှမ်းကျယ်သော ခြေ လှမ်းများ ဖော်ထုတ်မည်ဟု ကတိ ပြုသည်။

ဒေါ်နယ်ထရန့်သည် မမျှတ သော နိုင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက်များကို မကြာ ခဏ ညည်းညူခဲ့ပြီး ယင်းသဘော တူညီချက်များသည် အမေရိကန် နှင့် အမေရိကန်ခေါင်းဆောင်များ အတွက် အရိုအသေကင်းမဲ့သည် ဟု မှတ်ယူနားလည်ထားသည်။


သို့သော် နိုဝင်ဘာ ၁၃ ရက်က မနီလာမြို့၌ ဂျပန်နှင့် ဩစတြေးလျဝန်ကြီးချုပ်တို့နှင့် အတူ ယှဉ်တွဲရပ်ရင်း ယင်းမှာ စိန်ခေါ်မှုအားလုံးဖြစ်ကြောင်း ထရန့်က ပြောသည်။

‘‘ကျွန်တော်တို့အပေါ် သူတို့ ဆက်ဆံပုံ၊ အထူးသဖြင့် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့က ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီနိုင်ငံတွေကို သွားခဲ့တာ ကြောင့်ပါ။ ကျွန်တော်တို့ကို သူ တို့ဆက်ဆံပုံက ကျွန်တော်တို့ နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေအ တွက် ကြီးကျယ်တဲ့ ရိုသေလေး စားမှုဖြစ်ပါတယ်’’ဟု ဒေါ်နယ် ထရန့်က ပြောသည်။

‘‘ပြီးတော့ ဒါကို ကျွန်တော် တို့ တော်တော်လေးကျေနပ်ပီတိ ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ ဒါမျိုး ကော်ဇောနီခင်းပြီး ကြိုဆို တာကို ဘယ်သူမှ မရဖူးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါက ရိုသေလေးစားမှုရဲ့ အမှတ် လက္ခဏာတစ်ခုပါ’’ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ဒေါ်နယ်ထရန့်သည် တိုကျို၊ ဆိုးလ်နှင့် ဘေဂျင်းမြို့များသို့ ရောက်ရှိစဉ် အမြောက်အမြား ချီး မွမ်းခဲ့ပြီး ယင်းမှာ တမင်မြှောက်ပင့်ပြောဆိုသော ဗျူဟာတစ်ခုဖြစ်ကြောင်း စိစစ်အကဲဖြတ်သမား များကပြောသည်။

Ref: Reuters