ရှမ်းအသင်း၏ အာရှပြိုင်ပွဲ အိမ်ကွင်းပွဲများ သုဝဏ္ဏကွင်း၌ လက်ခံယှဉ်ပြိုင်မည်

 မြန်မာလိဂ်ချန်ပီယံ ရှမ်း ယူနိုက်တက်သည် လာမည့်ရာသီ တွင် အာရှအဆင့် ကလပ်ပြိုင်ပွဲ များ ယှဉ်ပြိုင်ရာ၌ အိမ်ကွင်းအ ဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကိုသာ အသုံးပြုမည်ဖြစ်ကြောင်း အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းအသင်းသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သ ဖြင့် ၂၀၁၈ အာရှကလပ်ချန်ပီယံ လိဂ်ခြေစစ်ပွဲအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။


 ယင်းပြိုင်ပွဲအတွက် ရှမ်းပြည်နယ်ရှိ ပြည်နယ်အားကစား ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုရန် စီစဉ်သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် သုဝဏ္ဏကွင်းကိုသာ အိမ်ကွင်းအဖြစ် အသုံးပြုရမည်ဟု ရှမ်းအ သင်းတာဝန်ရှိသူကဆိုသည်။

‘‘အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ပရိသတ်ငါး ထောင်ဆံ့ကွင်းရှိမှ အိမ်ကွင်းအ ဖြစ် အသုံးပြုလို့ရမယ်။ လက်ရှိ ကျွန်တော်တို့ကွင်းက ပရိသတ် ၃,၅၀၀ လောက်ပဲ ဆံ့တယ်။ ပြီး တော့ တခြားအပိုင်းတွေမှာလည်း လိုအပ်ချက်တွေရှိနေတာကြောင့် သုဝဏ္ဏကွင်းကိုပဲ အိမ်ကွင်းအဖြစ် သုံးရမယ်’’ဟု ၎င်းကပြောသည်။

ရှမ်းယူနိုက်တက်သည် ပြီးခဲ့ သည့် ၂၀၁၇ မြန်မာလိဂ်အမှတ် ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့တွင် အနိုင်ရဗိုလ်စွဲခဲ့သည်။

 ရှမ်းယူနိုက်တက်သည် အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲ အဆင့်မှ ထွက်ရပါက အေအက်ဖ်စီဖလားပြိုင်ပွဲတွင် အုပ်စုအဆင့် မှ ယှဉ်ပြိုင်ရမည်ဖြစ်သည်။