ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်ခရီးစဉ် စတင်

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သုံးရက်ကြာကျင်းပမည်
ဖိလစ်ပိုင်နိုင်ငံ ကလပ်လေဆိပ်သို့ ယမန်နေ့က ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအပါအဝင် အရှေ့အာရှထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် နိုဝင် ဘာ ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော အာဆီယံနိုင်ငံခေါင်းဆောင် များနှင့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC)အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ အကြား အလွတ်သဘောဆွေးနွေး ပွဲ တက်ရောက်အပြီးတွင် ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံသို့ ဆက် လက်သွားရောက်ခဲ့သည်။

အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များကို နိုဝင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဖိလစ်ပိုင်နိုင်ငံ ကလပ်မြို့ တွင် တည်းခိုနေထိုင်မည်ဖြစ်ပြီးယင်းမြို့ရှိ Nayong PhilipinoPark (ဖိလစ်ပိုင်လူမျိုးတို့၏ သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုဆိုင် ရာ တိုင်းရင်းသားကျေးရွာ)သို့သွားရောက်၍ တိုင်းရင်းသားများ ၏ ရိုးရာရက်ကန်းရက်လုပ်မှု၊ တိုင်းရင်းသားရိုးရာ အကများ၊ လက်မှုအနုပညာ ပစ္စည်းများ ထုတ်လုပ်မှုနှင့် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေမှု များကို လိုက်လံကြည့်ရှုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတဟောင်း အာယိုရို အား ကလပ်မြို့ရှိ Midori Hotel Fiesta Hall ၌ လက်ခံတွေ့ဆုံ သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ မည့် EAS အစည်းအဝေး၌ ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်ကာ ဆွေးနွေးနိုင်ကြောင်း ပြည်ပမီဒီ ယာများက သုံးသပ်ရေးသားပြီး ယင်းအစည်းအဝေးသို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာ ဆန်တို့လည်း တက်ရောက်မည် ဖြစ်သည်။

EAS အစည်းအဝေးသို့ နိုင်ငံ ၁၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးအပါအဝင် ကမ္ဘာ့ အရေးများကို ဆွေးနွေးမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျပ်စတင်ထရူးဒူးနှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ ဒါနန်း Furama Resort ၌ တွေ့ဆုံပြီး ရခိုင်ဒေသပြဿနာများ ဖြေရှင်း ရေးနှင့်ပတ်သက်၍ သဘောထား အမြင်များ ဖလှယ်ဆွေးနွေးခဲ့ ကြောင်း နိုဝင်ဘာ ၁၀ ရက် ထုတ် ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်သည် နေပြည် တော်သို့ လာရောက်မည်ဖြစ်ပြီး နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တွေ့ဆုံမည်ဖြစ်သည်။