AA အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်းစစ်ရေးလှုပ်ရှားခြင်းမပြုသင့်ဟု CNF ပြောကြား

ရခိုင်လက်နက်ကိုင် အဖွဲ့(AA)အနေဖြင့် ချင်းပြည် နယ်အတွင်း အခြေပြုနေထိုင် ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းမပြု သင့်ဟု ချင်းလက်နက်ကိုင်အဖွဲ့ (CNF)အတွင်းရေးမှူးဒေါက်တာ ရွှေခါးက ပြောကြားသည်။


လတ်တလောတွင်ချင်းပြည် နယ် ပလက်ဝမြို့နယ်အတွင်းတပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေမှု၊ AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရပ်သား များ သေဆုံးဒဏ်ရာရမှုတို့နှင့်ပတ် သက်ပြီးဒေါက်တာရွှေခါးက ယခု ကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

AA အဖွဲ့အနေဖြင့် အရပ် သားများအပေါ် တိုက်ခိုက်ခြင်း လုပ်ရပ်ကိုလည်း လုံးဝမလုပ်သင့် ဟု ၎င်းကဆိုသည်။ ‘‘ကျွန်တော် တို့ လေ့လာကြည့်ရသလောက်က စစ်တပ်နဲ့အတူသွားနေတဲ့ လူတွေ မဟုတ်ဘူး။ အရပ်သားတွေ သေ ဆုံးဒဏ်ရာရတဲ့ဟာက သူတို့ဟာ နဲ့ သူတို့သီးသန့်သွားနေတဲ့ဟာဆို တော့ ဒါကတော့ လွန်လွန်းတာ ပေါ့’’ ဟု ဒေါက်တာရွှေခါးကပြော သည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)လက်မှတ် ထိုးထားသည့် CNF အဖွဲ့အနေ ဖြင့် ၂၀၁၂ ဒီဇင်ဘာက အစိုးရနှင့် ချုပ်ဆိုထားသည့် သဘောတူ စာ ချုပ်တွင် ချင်းပြည်နယ်၌ အစိုးရ တပ်နှင့် CNF တပ်များသာရှိရမည် ဆိုသည့် သဘောတူညီမှုရှိခဲ့သည် ဟု CNF ဒုဥက္ကဋ္ဌ ဒေါက်တာ ဆ လိုင်းလျန်မှုန်းက ပြောကြားထား သည်။

ယခုနှစ်ဇန်န၀ါရီက ကျင်းပ ခဲ့သော CNF ဗဟိုကော်မတီအ စည်းအဝေးကလည်း ချင်းပြည် နယ်၌ ရခိုင်လက်နက်ကိုင်တပ် များ အခြေချလှုပ်ရှားမှုများလုံးဝ မပြုလုပ်ရန် ကြေညာချက်ထုတ် ပြန် တောင်းဆိုထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံခိုင်သုခကမူ အချက်အ ချာကျသည့် ဒေသဖြစ်၍ပလက်ဝ တွင် လှုပ်ရှားခြင်းဖြစ်ကြောင်း ပြောကြားသည်။

AA သည် ကချင်လက်နက် ကိုင်အဖွဲ့(KIA)ထိန်းချုပ်နယ်မြေ အတွင်း အခြေပြုဖွဲ့စည်းထား သည့်အဖွဲ့ဖြစ်ပြီး ‘၀’လက်နက် ကိုင်အဖွဲ့ (UWSA)ဦးဆောင်ပြီး NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေး မည်ဆိုသော မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့၏ စုဖွဲ့မှုတွင် လည်း ပါဝင်သည်။