အီးယူကော်မရှင်နာ ဂါဘရီရယ်နှင့် တွေ့ဆုံခြင်း

ဒစ်ဂျစ်တယ်စီးပွားရေးကနေ လူတိုင်းအကျိုးအမြတ်ရပါမယ်

ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ဒစ် ဂျစ်တယ်စီးပွားရေးနဲ့ လူ့အသိုင်း အ၀ိုင်းစီမံကိန်းအတွက် ဘူလ်ဂေး ရီးယားနိုင်ငံသူ ကော်မရှင်နာမင်း ကြီးက ဥရောပရဲ့ ဒစ်ဂျစ်တယ်အနာ ဂတ်လောကမှာ သူပါဝင်နေတဲ့ အခန်းကဏ္ဍကို ရှင်းပြထားပါ တယ်။


ဥရောပသမဂ္ဂဟာ သူ့ရဲ့ ဦး စားပေးစီမံကိန်းတွေထဲက တစ်ခု အနေနဲ့ ဒစ်ဂျစ်တယ်လောကတိုး တက်အောင်လုပ်ဆောင်ထားပါ တယ်။ ပြီးခဲ့တဲ့လက နိုင်ငံ့ခေါင်း ဆောင်တွေဟာ အက်စတိုးနီးယား နိုင်ငံ တယ်လင်းမြို့မှာ နည်းပညာ ပြောင်းလဲမှုနဲ့ နည်းပညာကြောင့် ဥရောပအပေါ် သက်ရောက်နေ တဲ့ စိန်ခေါ်မှုများဆိုင်ရာ ညီလာခံ တစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။

ဒါပေမဲ့ ဒစ်ဂျစ်တယ်လောက ရဲ့ နောက်ကွယ်မှာ ပြဿနာတွေ အမျိုးမျိုးရှိနေပါတယ်။ နည်းပညာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနဲ့ တီထွင်ဆန်းသစ်မှုကို အမှန်တကယ်ကိုယ်စားပြုပေမယ့် လုံခြုံရေးနဲ့ လွတ်လပ်စွာ သဘောထားဖော်ပြခွင့်တွေအတွက် မေးခွန်းတွေထွက်ပေါ်လာစေပါတယ်။ ဥရောပကော်မရှင်မှာ အဲဒီကိစ္စတွေဟာ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူ့အသိုင်းအ၀ိုင်းစီမံကိန်းအတွက် ဥရောပကော်မရှင်ရဲ့ ဘယ်လ်ဂျီယံနိုင်ငံသူကော်မရှင်နာမင်းကြီး မာရီယာဂါဘရီရယ်ရဲ့ တရားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ ထိန်းချုပ်ထားပါတယ်။

သူ့ရဲ့လုပ်ငန်းစဉ်က ဥရောပ ဒစ်ဂျစ်တယ်ဈေးကွက်ကို ကူညီပေးဖို့၊ တီထွင်ဆန်းသစ်တဲ့ စီးပွားရေးကို ထောက်ပံ့ပေးဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံသားတွေအ တွက် ကွန်ရက်လုံခြုံရေးသေချာ အောင်လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ မာရီယာဂါဘရီရယ်ကို Euronews သတင်းဌာနရဲ့ Global Conver-sation အစီအစဉ်မှာတွေ့ဆုံမေးမြန်းထားပါတယ်။

အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေနဲ့ ရင် ဆိုင်နေရချိန်မှာ ဥရောပသမဂ္ဂဟာဒစ်ဂျစ်တယ်ဈေးကွက်ရဲ့ ဘယ်နေ ရာမှာရှိနေပါသလဲ။

ကမ္ဘာကြီးဟာ အရင်ကထက် ပိုမြန်ဆန်တဲ့ နှုန်းရဲ့ ပြောင်းလဲနေ တယ်လို့ ပြောရင်း ကျွန်မစပြော ချင်ပါတယ်။

ဟုတ်ကဲ့။ အွန်လိုင်းဝက်ဘ် ဆိုက်တွေလို နယ်ပယ်တချို့မှာ ကျွန်မတို့ဟာ အရမ်းခေတ်ရှေ့မ ရောက်သေးဘူးဆိုတာ ကျွန်မတို့ နားလည်လက်ခံပါတယ်။ အခြား တစ်ဖက်မှာ အီးယူက နာနို-စက် ရုပ်နည်းပညာ၊ လုံခြုံရေးချိပ်စ်တွေ နဲ့ မော်တော်ယာဉ်တွေလို အင်တာ နက်ရဲ့ မြင်သာမှုနည်းနည်းလေး နည်းတဲ့ အစိတ်အပိုင်းတချို့မှာ ဦးဆောင်ဦးရွက်ပြုနေပါတယ်။ ဒီ ကနေ့ခေတ်မှာ ကျွန်မတို့ရဲ့ လက် တွဲဖော်တွေနဲ့အတူ ရှေ့ဆက်တိုး နိုင်မယ့် ကမ္ဘာလုံးဆိုင်ရာနယ်ပယ် တစ်ခုဖန်တီးပြီး ကျွန်မတို့ရဲ့ နိုင်ငံ သားတွေအတွက် ဘေးကင်းလုံခြုံ မှုလည်း ရှိလာစေအောင် လုပ် ဆောင်ရင်း ဒစ်ဂျစ်တယ်လောကမှာ ခေါင်းဆောင်သူတစ်ယောက်အစစ်အမှန်ဖြစ်လာဖို့ အဲဒီအလားအလာကို ဘယ်လိုအသုံးချမလဲဆို တာ ကိစ္စရှိနေပါတယ်။

ဒါက ပြဿနာတွေထွက်ပေါ် လာတဲ့နေရာဖြစ်ပါတယ်။ လက်ရှိ ကျွန်မတို့ ရှေ့တန်းကို မရောက် သေးတဲ့ နယ်ပယ်တွေမှာ တိုးတက် မှုမရှိလို့ရှိရင်တော့ စိန်ခေါ်မှုတွေ ထဲက တစ်ခုကတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေကို စုစည်းရတာ ပဲ ဖြစ်ပါတယ်။ အဲဒါဟာ ရင်းနှီးမြှုပ်နှံမှုမရှိတာရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဆက်သွယ်ရေး ဥပဒေသစ်တွေမှာ အဲဒီလိုလုပ်ဖို့ ကျွန်မတို့အတွက် အရေးကြီးတာ ပါ။ ဥပမာ စွမ်းရည်မြင့်မားတဲ့ 5G ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ ပြဿ နာတွေကို လိုင်စင်ခွင့်ပြုကာလ အပေါ် ပူးပေါင်းချဉ်းကပ်ပြီး ပို ကောင်းအောင် စီမံဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေက မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ပါမယ်။ 3G နဲ့ 4G ဆက်သွယ်မှုတွေလုပ်တုန်းက လုပ်ခဲ့မိ တဲ့ အမှားမျိုးတွေ ထပ်မဖြစ်အောင် ဒီနည်းနဲ့ ကျွန်မတို့ ရှောင်ရှားနိုင်ပါ တယ်။

ဂူးဂဲလ်နဲ့ ဖေ့စ်ဘွတ်ခ်တို့လို အမေ ရိကန်ကုမ္ပဏီတွေနဲ့ ပြိုင်ဖို့ အင်တာနက်ကုမ္ပဏီကြီးတွေ ဖန်တီးဖို့ရည် ရွယ်ထားတာလား။

ဟင့်အင်း။ တခြားလူတွေ လုပ်ထားပြီးသားဟာကို ထပ်တူ ကူးချဖို့ ကြိုးစားပြီး ကျွန်မတို့ အချိန်ဖြုန်းသင့်တယ်လို့ ကျွန်မမထင် ဘူး။ ကိုယ်ပိုင်တီထွင်ဆန်းသစ်မှု တွေကိုပဲ အာရုံစိုက်ကြရအောင်ပါ။ ကျွန်မတို့မှာ ဖြုန်းတီးပစ်ဖို့ အချိန်တွေမရှိတော့ဘူး။

ကျွန်မတို့ဟာ ဥရောပဆိုင်ရာ အစီအစဉ်သစ် ၂၄ ခုကို ဆွေးနွေး တင်ပြခဲ့ပေမယ့် အဲဒါတွေထဲက ခြောက်ခုပဲအပြီးသတ်ဆောင်ရွက် ထားနိုင်တဲ့အတွက် အဲဒီခြေလှမ်း ကို ကျွန်မတို့ အရှိန်မြှင့်ဖို့ လိုပါ တယ်။ ကျွန်မတို့ ပိုပြီးမြန်မြန်ဆန် ဆန်ရွှေ့ရပါမယ်။

ဆိုက်ဘာလုံခြုံရေးကိစ္စမှာ နိုင်ငံ သားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အင်တာနက်ကို ဘေးကင်းကင်း အသုံးပြုနိုင်လို့ သူတို့ရဲ့ အချက်အ လက်တွေကို ကာကွယ်ပေးထားပြီး ဖြစ်တယ်ဆိုတာကို စိတ်ချစေ ဖို့ ခင်ဗျားဘယ်လိုရည်ရွယ်ထား လဲ။

ဆိုက်ဘာအန္တရာယ်တွေမှာ နယ်နိမိတ်သတ်မှတ်ချက်မရှိဘူး။ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီစိန်ခေါ်မှု ကို သူတို့ချည်းပဲ ရင်မဆိုင်နိုင်ဘူး။ အဲဒါအပြင်အရမ်းပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေရှိနိုင် တဲ့ဟာ တစ်ခုကတော့ ဥရောပ ကုမ္ပဏီတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာတိုက်ခိုက် မှုတစ်ခုရဲ့ သားကောင်တွေဖြစ်ခဲ့ တယ်လို့ ဆိုတာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလက ဥရောပ သမဂ္ဂမှာ ဘုံချည်းကပ်မှုတစ်ရပ်ရှိ ရေးသေချာစေဖို့ ရည်ရွယ်တဲ့ အစီ အစဉ်သစ်တချို့ကို ကျွန်မတို့ အဆိုပြုခဲ့ပါတယ်။ ပထမဆုံးဆိုက်ဘာလုံခြုံရေးဆိုင်ရာဥရောပအေ ဂျင်စီကို ကျွန်မတို့အားကောင်း အောင်လုပ်ဖို့ လိုပါတယ်။

ကျွန်မတို့ရဲ့ ရေရှည်ပန်းတိုင် ဆီရောက်ဖို့ ကြိုးစားရင်းနဲ့ တည် ငြိမ်မှုရှိတယ်ဆိုတာကို အသိပေး နိုင်ဖို့ ကျွန်မတို့မှာ ယာယီလုပ်ပိုင် ခွင့်နဲ့ မဟုတ်ဘဲ အမြဲတမ်းလုပ်ပိုင် ခွင့်အာဏာရှိတဲ့ ဆိုက်ဘာအေဂျင် စီတစ်ခုလိုပါတယ်။ အဲဒီအေဂျင်စီ ကို လိုအပ်တဲ့ ဘဏ္ဍာရေးဘတ် ဂျက်အကူအညီတွေလည်း ပေး သင့်ပြီး လုပ်ငန်းတာဝန်တွေကို ပို ပေးရပါမယ်။

ဆိုက်ဘာလုံခြုံရေးအကြောင်းပြောရာမှာ ကျွန်မရဲ့ နှလုံးသားနဲ့ နီးတဲ့ နောက်ထပ်တစ်ခုကတော့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ကျွန်မတို့ရဲ့ ဘုံစွမ်းရည်ပဲ ဖြစ်ပါ တယ်။ ဒီကနေ့ခေတ်မှာ ကြီးမားတဲ့ပမာဏမျိုးဖြစ်ပေါ်တဲ့ အကျပ်အ တည်းတွေကြုံလာရင် ဘယ်သူ့မှာ စွမ်းရည်ရှိလဲဆိုတဲ့ မေးခွန်းအ တွက် ကျွန်မတို့မှာ အဖြေမရှိပါ ဘူး။

စက်တင်ဘာလက ကြီးမား တဲ့ ဆိုက်ဘာတိုက်ခိုက်မှုမျိုးနဲ့ ကြုံ လာရင် ဥရောပပူးပေါင်းဆောင် ရွက်ရေးယန္တရားတစ်ရပ်အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင်နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေ ဆွေးနွေးပြီး သဘောတူညီမှုရယူဖို့ ကော်မရှင် က အဆိုပြုခဲ့ပါတယ်။

လူမှုမီဒီယာဝက်ဘ်ဆိုက်တွေနဲ့ မသင့်တော်တဲ့ ဖော်ပြမှုတွေ၊ အမုန်းထားပြောဆိုမှုတွေ ဒါမှမ ဟုတ် ၀က်ဘ်ဆိုက်တွေပေါ်မှာ အကြမ်းဖက်ဝါဒကို ဖော်ပြမှု ကာ ကွယ်နေတဲ့ သူတွေနဲ့လည်း ခင်ဗျားအများကြီးအလုပ်လုပ်နေပါ တယ်။ ဘာဆောင်ရွက်ထားနိုင် လဲ။ အဲဒီဝက်ဘ်ဆိုက်တွေ ဒီထက် ပိုလုပ်ဖို့ ပိုမြန်ဆန်အောင် ဆောင် ရွက်ဖို့အတွက် ကျွန်တော်တို့ ဥပဒေစည်းကြပ်သင့်လား။ ဒါမှ မဟုတ် ဒီတရားမ၀င်တဲ့ မသင့် တော်တဲ့ ဖော်ပြမှုတွေအားလုံးကို ဖယ်ရှားဖို့ အဲဒီဝက်ဘ်ဆိုက်တွေနဲ့ ဆက်ပြီး လက်တွဲလုပ်ဆောင်သင့် လား။

အမုန်းထားပြောဆိုမှုတွေ၊ အကြမ်းဖက် ၀ါဒဖြန့်မှုတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင် ပိုင်းဆိုင်ရာစော်ကားတာတွေလို မျိုး ပြင်းထန်တဲ့အံ့သြစရာကောင်း လောက်အောင် ကျယ်ပြန့်နေတာ တွေနဲ့ ကျွန်မတို့ကြုံနေရချိန်မှာ ကျွန်မတို့အခိုင်အမာအရေးယူ ဆောင်ရွက်ရပါမယ်။ ဒါက အရင် ဆုံးအဲဒီဝက်ဘ်ဆိုက်တွေနဲ့ ဆွေး နွေးဖို့ လိုပါတယ်။ အဲဒီကနေပြီး ရလဒ်ကို ကျွန်မစပြီး မြင်နိုင်ပါ တယ်။

ဒါပေမဲ့ ဒီကနေ့ခေတ်မှာ ဖော်ပြဖို့လိုတဲ့ သတင်းစကားတစ် ခုလည်း ကျွန်မတို့မှာရှိနေပါတယ်။ ၀က်ဘ်ဆိုက်ပေါ်မှာရှိနေတဲ့ ဖော်ပြမှုတွေရဲ့ ၄၁ ရာခိုင်နှုန်းကို ကျွန်မ တို့ပျောက်သွားစေချင်တယ်။ အွန် လိုင်းပေါ်မှာ ဖော်ပြလိုက်တဲ့ အ ကြောင်းအရာတစ်ခုဟာ ပထမဆုံးနှစ်နာရီအတွင်း ရိုက်ခတ်မှုအကြီး မားဆုံးဖြစ်ပေါ်တယ်ဆိုတာ သုတေသနပြုမှုတွေက ဖော်ပြနေတဲ့အ တွက် သီတင်းတစ်ပတ်ထက် ကျော်ပြီး အွန်လိုင်းပေါ်ရှိနေတာတွေကို ကျွန်မတို့ ဖယ်ပစ်ဖို့ မလိုတော့ဘူး။

ဒါကြောင့် ပွင့်လင်းမြင်သာရှိ မှု ဥပဒေတွေကို လေးစားသမှုပြ သရင်းနဲ့ မြန်ဆန်ပြီးထိရောက်တဲ့ ပယ်ဖျက်မှုလုပ်ငန်းစဉ်တစ်ခု ဖန် တီးဖို့ ကျွန်မတို့က ၀က်ဘ်ဆိုက် တွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါ တယ်။ ဒါကြောင့် ဒီကနေ့ ကျွန်မ တို့ရဲ့ သတင်းစကားက ရှင်းပါ တယ်။ ရလဒ်တွေပိုလာတာကို မြင် ရဖို့အတွက် ကျွန်မတို့ရဲ့ ဆောင် ရွက်မှုကို အချိန်မြှင့်ပြီးတော့ လို အပ်လို့ရှိရင် နောက်ထပ်ချဉ်းကပ် မှုလုပ်လို့ရအောင် ဆွေးနွေးမှုက နေတစ်ဆင့် ၀က်ဘ်ဆိုက်တွေရဲ့ ထိရောက်မှုဆိုင်ရာဆန်းစစ်မှုတွေ လည်း လုပ်ချင်ပါတယ်။

နောက်ထပ်ချဉ်းကပ်မှုဆိုတာက ဥပဒေပြဋ္ဌာန်းဖို့ဆိုလိုတာလား။ ခင်ဗျားစဉ်းစားတာ အဲဒါလား။

၂၀၁၈ မေလလောက်အ တွင်းမှာ လုံလောက်တဲ့ တိုးတက် မှုမရှိဘူးလို့ ကျွန်မတို့ ခံစားရရင် ဥပဒေပြဋ္ဌာန်းခွင့် ကျွန်မတို့မှာရှိပါ တယ်။

ခုလောလောဆယ် ကျွန်တော်တို့ အပြောအရမ်းများနေတဲ့ ကိစ္စတွေ ထဲက တစ်ခုကတော့ ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ အမေဇုန်တို့လို အင်တာ နက်ကုမ္ပဏီကြီးတွေကို အခွန် ကောက်တာပဲ ဖြစ်ပါတယ်။ အဲဒီ အမေရိကန်ကုမ္ပဏီကြီးတွေဖြစ် တဲ့ ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ်၊ အမေ ဇုန်တို့ပေါ့။ ဥရောပမှာ အဲဒီကုမ္ပဏီတွေအတွက် မျှတညီမျှတဲ့ အခွန် ကောက်ခံမှုမျိုး ဘယ်လိုဖြစ်လာမ လဲ။

ကျွန်မတို့မှာ အဖြေရှိပြီးသား ဆိုရင် အဲဒီလိုလုပ်ဖို့ ဒီဇင်ဘာလ ကို နောက်ဆုံးသတ်မှတ်ချိန်အနေ နဲ့ မသတ်မှတ်နေတော့ဘူး။ ဒါ ကြောင့် ဒီကနေ့ ကျွန်မတို့အချက် ပြလိုက်တယ်။ အဲဒါဟာ အဖြေပေး ဖို့ ထိုက်တန်တဲ့ မေးခွန်းတစ်ခုဖြစ် ပါတယ်။

ဒီကနေ့ခေတ် ဒစ်ဂျစ်တယ် လောကအကြောင်းကို ကျွန်မတို့  သိထားသလို မသိတဲ့ အရမ်းခြားနားတဲ့ စီးပွားရေးစနစ်အတွက် ဖန်တီးထားတဲ့ အခွန်စနစ်ရဲ့ ရလဒ်အနေနဲ့ အဲဒီကိစ္စထွက်ပေါ်လာတာပါ။

ဒီကနေ့ခေတ်မှာ အင်တာ နက်ပေါ်မှာ တန်ဖိုးကဘယ်နေရာ မှာ ဖန်တီးထားလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အရေးကြီးပါတယ်။ အဲဒါဟာ ဒစ်ဂျစ်တယ်စနစ်ကျင့်သုံးမှုရဲ့ စိန် ခေါ်မှုတွေထဲကတစ်ခုပဲ ဖြစ်ပါ တယ်။ အဲဒါဟာ တရားဥပဒေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအတွင်းနဲ့ အ ပြင်နှစ်ခုလုံးမှာ ဒစ်ဂျစ်တယ်စီးပွား ရေးစနစ်နဲ့ လက်တွဲဆောင်ရွက်မှု တွေ တကယ်အလုပ်ဖြစ်ဖို့၊ ဖွံ့ဖြိုး ဖို့အတွက် ကျွန်မတို့အားလုံးအ ကျိုးအမြတ်ရနေတယ်ဆိုတဲ့ ခံစား ချက်ရှိနေရမှာ ဖြစ်ပါတယ်။ ရှင်တို့မြင်တွေ့ခဲ့ရသလိုပဲ အဲဒီမေးခွန်း ကို ဒီဇင်ဘာအထိ တင်ပြဆွေး နွေးထားတယ်။ အဲဒီအချိန်ထိ တိုးတက်မှုမရှိဘူးဆိုရင် ကျွန်မတို့ ကိုယ်တိုင်အရေးယူဆောင်ရွက်ဖို့ အခွင့်အရေး ကျွန်မတို့မှာရှိပါ တယ်။

ကျေးဇူးတင်ပါတယ်။  

—Ref: EuroNews