ALP ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်း၏ခင်ပွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံရမှုအကြောင်းရင်း ပါတီမသိရသေး

ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်း၏ခင်ပွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံ ရသည့် အကြောင်းရင်းကို တိကျ စွာ မသိရသေးကြောင်း ALP ထိပ်ပိုင်းတာဝန်ရှိသူများက    ပြော ကြားသည်။

ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်း ဦးဦးချစ်မောင်သည် အောက်တိုဘာ ၂၀ ရက် နေ့လယ်က ရန်ကုန်သို့ ထွက်ခွာရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာနိုင်ငံ တကာလေဆိပ်တွင် စောင့်ဆိုင်း နေစဉ် ဖမ်းဆီးခံရကြောင်းနှင့် လက်ရှိ၌ သတင်းအချက်အလက် အတိအကျရရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ALP ထိပ်ပိုင်းခေါင်း ဆောင်များက အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။

‘‘အခြေအနေကတော့ ကျွန် တော်တို့က လုံးဝအဆက်အသွယ် လည်းမရတော့ ဖမ်းထားတယ်ဆို တာလောက်ပဲ သိရတယ်။ ဘယ် က ဖမ်းတယ်ဆိုတာတော့ မပြော တတ်သေးဘူး’’ဟု ALP ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြော သည်။

ဦးဦးချစ်မောင်သည် ၎င်းတို့ အဖွဲ့ဝင်မဟုတ်ဘဲ အရပ်သား တစ်ဦးဖြစ်ကြောင်း ALP တာဝန် ရှိသူများက ဆိုသည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိုင်းနယ်စပ်တွင် အ ခြေချလှုပ်ရှားသည်။

ဒေါ်စောမြရာဇာလင်းသည် NCA အဖွဲ့များမှ ထိပ်သီးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်    ဦး ဆောင်အဖွဲ့   (PPST)   အဖွဲ့ ဝင်လည်းဖြစ်ပြီး လက်ရှိ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တွင် ရခိုင်တိုင်းရင်းသားမျိုး နွယ်စုများလည်း နေထိုင်ပြီး ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်း ဦးဦးချစ်မောင်သည် ရခိုင်တိုင်း ရင်းသားဖြစ်သော်လည်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားဖြစ်သည်။ ထို့ အတွက် ဦးဦးချစ်မောင် ဖမ်းဆီးခံ ရမှုနှင့်ပတ်သက်၍ မြန်မာအစိုးရ ဘက်က အကူအညီပေးနိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ဒေါ်စောမြရာဇာလင်းနှင့် နီးစပ်သူအချို့က ဆိုသည်။