မန္တလေးမြို့တွင် ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ် ပြုလုပ်မည်

ငြိမ်းချမ်းသောဒေသမှ ပြည်သူများအနေဖြင့် မငြိမ်းချမ်း သည့်ဒေသများမှ ဖြစ်ရပ်များကို စာနာနားလည်နိုင်ရန် မန္တလေးမြို့ တွင် ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက် သတ္တပတ်ပြုလုပ်မည်ဟု မန္တလေး တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီ နာယက ဒေါက်တာယု ယုမေက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အ မျိုးသမီးရေးရာ ကော်မတီက ကြီး မှူးကျင်းပမည့် ငြိမ်းချမ်းရေးလှုပ် ရှားမှု ရက်သတ္တပတ်ကို နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေးမီးထွန်းပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်၊ အမျိုး သမီးအခွင့်အရေးနှင့် ငြိမ်းချမ်း ရေး စကားဝိုင်းဆွေးနွေးပွဲ၊ ငြိမ်း ချမ်းရေး ဂီတပဒေသာကပွဲများ ပါ ဝင်မည်ဖြစ်သည်။

‘‘မန္တလေးတိုင်းဆိုတာက ငြိမ်းချမ်းတဲ့ဒေသ၊ မငြိမ်းချမ်းတဲ့ ဒေသမှာရှိနေတဲ့ ပြည် သူတွေ ကို စာနာစိတ်နဲ့ငြိမ်းချမ်းရေးအ ကြောင်း သိရှိနားလည်ဖို့နဲ့ မငြိမ်းချမ်းတဲ့ဒေသမှာရှိတဲ့ ဖြစ်ရပ်တွေ ကို စာနာနားလည်ဖို့၊ ရိုင်းပင်းနိုင် ဖို့ ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက် သတ္တပတ်ကို ပြုလုပ်တာဖြစ်ပါ တယ်’’ ဟု  တိုင်းဝန်ကြီးချုပ် ဇနီးလည်းဖြစ်သည့် ဒေါက်တာ ယုယုမေက ပြောသည်။

နိုဝင်ဘာ ၆ ရက်ကစ၍ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးရှိ အခြေခံပညာ ကျောင်းများတွင် အလယ်တန်း နှင့် အထက်တန်းအဆင့်၌ ငြိမ်း ချမ်းရေးနှင့်ပတ်သက်သည့် စာစီ စာကုံးပြိုင်ပွဲများ ကျင်းပခြင်းနှင့် အခြေခံပညာကျောင်းများတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ကာတွန်း၊ ဆောင်းပါးများပါဝင် သည့် ရွေ့လျားနံရံကပ်စာစောင် များ    ပြသမည်ဟု   ၎င်းကဆို သည်။

ငြိမ်းချမ်းရေးမီးထွန်းပွဲနှင့်စာ အုပ်ဈေးရောင်းပွဲတော်ကို နိုဝင် ဘာ ၈ ရက်မှ ၁၀ ရက်အထိ မန္တ လေးကျုံးအရှေ့ဘက်ခြမ်းတွင် သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမှ စာအုပ်ဆိုင် ၃၀ ခန့်ပါဝင်မည်ဖြစ်သည်။

‘‘စာအုပ်ဈေးရောင်းပွဲကို လာတဲ့ သူတိုင်းကို စာအုပ်တစ် အုပ် လက်ဆောင်ပေးမယ့် စာအုပ်စတုဒိသာ အစီအစဉ် ပါဝင်ပါ တယ်။ မန္တလေးဒေသခံစာရေး ဆရာတွေကလည်း သတ်မှတ် ထားတဲ့အချိန်အလိုက် စာအုပ် ဈေးရောင်းပွဲလာတဲ့ ပရိသတ်တွေ နဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ လုပ် မယ်’’ ဟု ဒေါက်တာယုယုမေက ရှင်းပြသည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက် သတ္တပတ်အစီအစဉ်တွင် ပါဝင် သည့် အမျိုးသမီး အခွင့်အရေးနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို နိုဝင် ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း (MRCCI) ၌ ကျင်း ပမည်ဖြစ်ပြီး ကိုလေး (အင်းဝ ဂုဏ်ရည်)၊ မသီတာ (စမ်း ချောင်း)၊ ဦးသိန်းသန်းဦး၊ ဦးမင်း ကိုနိုင်တို့ ပါဝင်ဆွေးနွေးမည် ဖြစ်ကာ အစီအစဉ်တင်ဆက်သူ အဖြစ် စာရေးဆရာသင့်နော်က ဆောင်ရွက်မည်ဖြစ်သည်။

ငြိမ်းချမ်းရေး ဂီတပဒေသာ ကပွဲကို နိုဝင်ဘာ ၁၂ ရက်တွင် မနော်ရမ္မံလူထုဟစ်တိုင်ကွင်း၌ တေးသံရှင်မွန်းအောင်၏ သီဆို ဖျော်ဖြေမှုနှင့်အတူ ကျင်းပမည် ဖြစ်သည်။ ပဒေသာကပွဲတွင် သုခရိပ်မြုံကျောင်း၊ ကံတက်ကုန်း မိဘမဲ့ကလေးကျောင်း၊ မန္တလေး ကိုယ်ပိုင်အထက်တန်းကျောင်း အသင်းနှင့် ယဉ်ကျေးမှုတက္က သိုလ်မှ ကျောင်းသားကျောင်းသူ များက ကပြဖျော်ဖြေမည်ဖြစ် သည်။

Top News