ဖြိုးကိုကိုတင့်ဆန်းအမှုကို ငါးလောင်းပြိုင်လူသတ်မှုနှင့် ချိတ်ဆက်ဝေဖန်သည့် ရဲအရာရှိကို အရေးယူ

 နေပြည်တော်တွင် လက် နက်များ ဖမ်းမိသည့် ဖြိုးကိုကိုတင့် ဆန်း၏ ကျည်ဆန်များနှင့် စိမ်းလဲ့ ကန်သာ ငါးလောင်းပြိုင်လူသတ် မှုမှ ကျည်ဆန်များ အမျိုးအစားတူ ကြောင်း  ဖေ့စ်ဘွတ်ခ်တွင် ထင်မြင်ချက်ရေးသားသူ ရဲအရာရှိတစ်ဦး ကို ရဲစည်းကမ်းဥပဒေဖြင့် အရေး ယူထားကြောင်း ပဲခူးတိုင်းရဲတပ် ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက  ပြော သည်။

အရေးယူခံရသည့်  အရာရှိသည် ပန်းတောင်းမြို့နယ်      ထုံးဘို နယ်မြေစခန်းမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

နေပြည်တော်တွင် ဖမ်းမိသည့် သေနတ်ကျည်ဆန်များနှင့် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုမှ ကျည်ဆန်များအမျိုးအ စားတူကြောင်း ၎င်းရဲအရာရှိကအောက်တိုဘာ ၁၇ ရက်၌ ဖေ့စ်ဘွတ်ခ်တွင် ရေးသားသဖြင့် အရေးယူ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူ ကပြောသည်။

ငါးလောင်းပြိုင်လူသတ်မှု သည် ၂၀၀၈ မတ်လက ကမာရွတ် မြို့နယ် စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့ပြီး ကိုးနှစ်ကျော်ကြာ သည့်တိုင် တရားခံမဖော်ထုတ်နိုင် သေးပေ။

‘‘ရဲတပ်ဖွဲ့ဝင်ဆိုတာစည်း ကမ်းမဲ့ ထင်မြင်ချက်တွေကို လျှောက်မတင်ရဘူး။ သူ့ကိုပြည် အမှတ် (၃) ရဲစခန်းအချုပ်မှာ ဖမ်း ဆီးထားတယ်။ စီအိုင်ဒီကလည်း စစ်ဆေးနေတယ်။ ရဲစည်းကမ်း ဥပဒေကို ချိုးဖောက်တဲ့အတွက် အရေးယူထားပါတယ်’’ ဟု ၎င်းကကပြောသည်။

နေပြည်တော်တွင် ပြီးခဲ့ သောရက်ပိုင်းက ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကို တင့်ဆန်းပိုင်ဆိုင်သည့် နေအိမ်၊ ဟိုတယ်၊ ကုမ္ပဏီရုံးခန်းတို့မှ လက်နက်၊ မူးယစ်ဆေးဝါးများ ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ သည်။ အောက်တိုဘာ ၁၉ ရက် အထိ ထုတ်ပြန်သောသတင်းများအရ သိမ်းဆည်းရမသော သေနတ် ၂၁ လက်ရှိပြီး နေပြည် တော်ရှိ ACE ဟိုတယ် ကုမ္ပဏီအ တွက် ရုံးခန်းဖွင့်လှစ်ထားသည့် လေးလုံးတန်း အိမ်ရာတွင် အောက်တိုဘာ ၂၀ ရက်က သေ နတ်တစ်လက် ထပ်မံတွေ့ရှိရာ စုစုပေါင်း ၂၂ လက်ရှိပြီ ဖြစ် သည်။

ဖြိုးကိုကိုတင့်ဆန်းအမှုကို အောက်တိုဘာ ၁၉ ရက်က CID မှုခင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းထား ကြောင်း နေပြည်တော်တိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင် အောင်ကပြောကြားသည်။

Top News