ပြည်သူကို မောက်မာစွာ မဆက်ဆံရန် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွင် ဦးဝင်းမြင့် မှာကြား

သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ထားဝယ်မြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ − ငြမ်းလုလင်)

လက်ရှိတွင် နေရာနှင့် အာဏာများရရှိထားခြင်းသည် မိမိတို့၏ဘုန်းကံကြောင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကြောင့် ရရှိထားသည်ကို မမေ့လျော့ရန်နှင့် ပြည်သူအပေါ် မောက်မာစွာ ဆက်ဆံခြင်း မပြု လုပ်ရန် အစိုးရ၊ ပါတီ၊ လွှတ်တော်သုံးပွင့်ဆိုင်တွေ့ဆုံပွဲ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်သူများက ပြောကြား သည်။ 


တနင်္သာရီတိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အလုပ်အမှုဆောင်များ၊ တိုင်းအ တွင်းရှိ ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များနှင့် ထားဝယ်မြို့ မြို့ တော်ခန်းမ၌ အောက်တိုဘာ ၂၁ ရက်က တွေ့ဆုံစဉ် ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

‘‘ပြည်သူ့အရေးကိစ္စများ ဆောင်ရွက်ရာမှာ အစိုးရ၊ လွှတ် တော်၊ ပါတီတို့ ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲလုပ်ဖို့၊ ပြည်သူ့ အားဖြင့်သာ လက်ရှိ ရင်ဆိုင်နေရ တဲ့ အခက်အခဲ အကျပ်အတည်း တွေကို ကျော်လွှားနိုင်မယ်။ ဒါ ကြောင့်မို့ အစိုးရဟာ ပြည်သူလူ ထုနဲ့ထိတွေ့ဆက်ဆံတဲ့အခါ အာ ဏာရှင်ပုံစံမျိုး မကျင့်သုံးရန်၊ ပြည်သူအပေါ် မောက်မာရိုင်းစိုင်းစွာ ပြုမူဆက်ဆံခြင်းမပြုလုပ်ရန် မှာ ကြားသွားတယ်’’ဟု ထားဝယ်မြို့ နယ်ဒီချုပ်အလုပ်အမှုဆောင်အ ဖွဲ့ဝင် ဒေါ်ချိုချိုလွင်က ပြောသည်။ ထို့အပြင် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် မြေယာလျော်ကြေးကိစ္စများ၊ မြေယာသိမ်းဆည်းမှုများကို ဥပ ဒေနှင့်အညီ ဖြစ်စေရန် သေချာစွာ စိစစ်ပြီး ဆောင်ရွက်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ အ သုံးပြု၍ လုပ်ငန်းများဆောင်ရွက် ရာတွင် ထွေအုပ်ဝန်ထမ်းများ လက်ထဲသို့ အလုံးစုံလွှဲအပ်ထား ခြင်းမျိုး မပြုလုပ်ဘဲ ကိုယ်တိုင် ကိုယ်ကျ ပါဝင်စီမံခန့်ခွဲရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြား ခဲ့ကြောင်း ဒေါ်ချိုချိုလွင်က ပြော သည်။ ထို့အပြင် ဌာနဆိုင်ရာ ဝန် ထမ်းများ လာဘ်ပေးလာဘ်ယူ ကိစ္စများကို တိုင်ကြားရာ၌ လက်ရှိ ဥပဒေအရ အထောက်အထား များနှင့်တကွ တင်ပြနိုင်ရန် ခက်ခဲသောကြောင့် ပြင်ဆင်မည်ဟု ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း ဒေါ်ချိုချိုလွင်က ပြန်လည် ပြောပြ သည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ တနင်္သာရီတိုင်းဒေသကြီးရှိ ပြည် သူ၊ အမျိုးသား၊ တိုင်းဒေသကြီး လွှတ်တော်တို့မှ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် တိုင်း၊ ခရိုင်သုံးခု၊ မြို့နယ် ၁၀ မြို့နယ်တို့မှ ဒီချုပ်အလုပ်အမှုဆောင် အဖွဲ့ဝင် ၅၀၀ ကျော် တက်ရောက် ခဲ့သည်။ 

လက်ရှိ အစိုးရအဖွဲ့ဝင်များ အနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ် သွားနေမည်ဆိုပါက သတိထား နေကြရန် ဦးဝင်းမြင့်က သတိပေး ပြောကြားခဲ့ကြောင်း ဒေါ်ချိုချိုလွင်က ပြောသည်။ 

အောက်တိုဘာ ၁၈ ရက်က ထားဝယ်မြို့၌ မြို့နယ်အတွင်း မြေယာအငြင်းပွားမှုကြုံတွေ့နေ ရသော လယ်သမား ၁၀၀ ကျော်က ၎င်းတို့၏မြေယာပြဿနများကို  ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသော ဝန်ကြီးချုပ်နှင့် ဝန်ကြီး နှစ်ဦးနုတ်ထွက်ပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ခဲ့ပြီး ဆန္ဒပြသူများကိုင်ဆောင် သော ဆိုင်းဘုတ်ပါစာသားများ သည် ငြိမ်းစုစီဥပဒေနှင့် ဆန့်ကျင် သည်ဟုဆိုကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အဆိုပါဆန္ဒထုတ်ဖော် မှုကို တားဆီးခဲ့သည်။ 

အဆိုပါဖြစ်စဉ်အပြီး သုံး ရက်အကြာတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ထားဝယ် မြို့ခရီးစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဦးဝင်းမြင့်သည် အောက် တိုဘာ ၂၂ ရက်(ယနေ့) ပြုလုပ် မည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံ သစ်ဖွင့်ပွဲ တက်ရောက်မည်ဖြစ် သည်။