မြန်မာပလာဇာရှေ့ ကားမီးလောင်

မြန်မာပလာဇာရှေ့တွင် မီးလောင်နေသော အငှားယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − Myint Kyi Facebook)

 ရန်ကုန်မြို့တွင် ကားမီး လောင်မှု အပါအဝင်  ၁၀ မိနစ်ခန့် သာခြား၍ မီးလောင်မှုနှစ်ခု ဆက် တိုက်ဖြစ်ပွားသည်။

အောက်တိုဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြို့ထဲမှ မောင်းနှင်လာသည့် တက္ကစီယာဉ်တစ်စီးသည် မြန်မာပလာဇာရှေ့၌ ဘက်ထရီခေါင်းချောင်ရာမှ မီးလောင်ခဲ့သည်။


မိနစ် ၂၀ ခန့် မီးငြှိမ်းသတ်ခဲ့ ရကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅ သိန်းရှိကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုနှင့် ပတ်သက်၍ တက္ကစီယာဉ်မောင်းကို ဗဟန်းမြို့ နယ်ရဲစခန်းတွင် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်ကလည်း ဒဂုံတက္ကသိုလ်အနီးရှိ တက္ကသိုလ်ရိပ်မွန် အိမ်ရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စာအုပ်စင်မီးလောင်ခြင်းဖြစ်ကာ မိနစ်ပိုင်းအတွင်း မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထား သည်။

 ရန်ကုန်တိုင်းဒေသကြီးအ တွင်း အောက်တိုဘာ ၁ ရက်မှ ၂၁ ရက်အထိ မြို့နယ် ၁၀ မြို့နယ်၌ မီးလောင်မှု ၁၄ ကြိမ်ခန့် ဖြစ် ပွားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်မှုအကြောင်းရင်းနှင့် ဆုံး ရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်ပြီး သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

Top News