ALP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ခင်ပွန်း ဘင်္ဂလားဒေ့ရှ်တွင် အဖမ်းခံရဟုဆို

ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်း ဆောင် ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်း ဦးဦးချစ်မောင်သည် အောက်တိုဘာ ၂၀ ရက် နေ့လယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာနိုင်ငံတကာလေဆိပ်တွင် ဖမ်းဆီးခံရကြောင်း ALP ထိပ်ပိုင်းတာဝန်ရှိသူများက ပြောသည်။

ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်က ‘‘ကျွန်တော်တို့က အ ဖမ်းအဆီးလုပ်ခံရတယ်လို့ပဲ သိ တယ်။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ တိတိကျကျ မကြားမိသေးဘူး။ များသောအားဖြင့်ဆို ရင်တော့ ထောက်လှမ်းရေးက ဖမ်းတာ’’ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်စောမြရာဇာလင်းအား အောက်တိုဘာ ၂၀ ရက် ညနေက ဆက်သွယ်မေးမြန်းရာ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘အဲဒါက မသေချာသေးလို့ ဒီဘက်ကလည်း ပြောဖို့ အဆင် သင့်မဖြစ်သေးဘူး’’ဟု ၎င်းက ပြော သည်။

ဦးဦးချစ်မောင်သည် အလုပ် ကိစ္စဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။ ဦးဦးချစ်မောင်သည် ၎င်းတို့အဖွဲ့ဝင်မဟုတ်ဘဲ အရပ်သားတစ်ဦးဖြစ်ကြောင်း ALP တာဝန်ရှိသူများက ဆိုသည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မြန်မာ- အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နှင့် ထိုင်းနယ်စပ်တွင် အခြေချ လှုပ်ရှားသည်။ ဒေါ်စောမြရာဇာ လင်းသည် NCA အဖွဲ့များမှ ထိပ် သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ ၀င်တစ်ဦးလည်းဖြစ်သည်။

ဦးဦးချစ်မောင်ကိစ္စနှင့်ပတ် သက်၍ သတင်းအချက်အလက် အတိအကျသိနိုင်ရန် လိုအပ် သောစုံစမ်းမှုများ ပြုလုပ်နေဆဲ  ဖြစ်ကြောင်း ALP ထိပ်ပိုင်းတာ ၀န်ရှိသူများက အောက်တိုဘာ ၂၀ ရက် ညက ပြောသည်။

Top News