YBS ဆိုင်းဘုတ်ဖျက်ဆီးသူကို ထောင်ဒဏ်သုံးနှစ်ချ

YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည့် ဘုလက်ဂျာနယ်မှအကြီးတန်းသ တင်းထောက်ဟောင်းကို  ဒဂုံမြို့ သစ် (မြောက်ပိုင်း) မြို့နယ်တရား သူကြီးက ပြည်သူပိုင်ပစ္စည်းကာ ကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် ယမန်နေ့ကထောင်ဒဏ် သုံး နှစ်ချမှတ်ခဲ့သည်။ ဘုလက်ဂျာနယ်မှ အကြီးတန်းသတင်းထောက်ဟောင်း ဦးဝင်းဦးသည် ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီခန့်က အရက်မူးကာဆဲဆိုနေစဉ် လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ကာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်း သိမ်းစဉ် အသက် (၄၁) နှစ်အရွယ် ဦးဇော်မင်းထွန်း (ခ) ဦးဝင်းဦး သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ပြည် ထောင်စုလမ်းမပေါ်ရှိ ဧရာ ဝတီဘဏ်အနီးတွင် စိုက်ထူထား သည့်  YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ကို လက်ဖြင့်ဆွဲနုတ် တွန်းလှဲခဲ့ရာ ဆိုင်းဘုတ်အောက် ခြေ တစ်ဖက် ကျွတ်သွားကြောင်း မြောက်ဒဂုံမြို့မရဲစခန်းမှ အရာရှိ တစ်ဦးက ပြောသည်။

YBS လမ်းညွှန်ဆိုင်းဘုတ် များကို ရန်ကုန်မြို့တွင်း မြို့နယ် အလိုက် ကားမှတ်တိုင်များတွင် ဇန်နဝါရီ ၁၃ က စတင်စိုက်ထူခဲ့ပြီး နောက်ပိုင်း မြို့နယ်အချို့၌  ဆိုင်းဘုတ်ဖျက်ဆီးသဖြင့် အမှုဖွင့်အရေးယူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။  ပုဒ်မ ၆/၁ သည် ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သောပုဒ်မဖြစ်သည်။

Top News