ရဲအယောင်ဆောင်သူကို အမှုဖွင့်

 မော်လမြိုင်မြို့တွင် ဖြစ် ပွားသည့် ဆိုင်ကယ်တိုက်မှု၌ ရဲ ဝန်ထမ်းဟု လိမ်ညာပြောဆိုသူကို ဝန်ထမ်းအယောင်ဆောင်မှုဖြင့် မုပွန်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး နေကြောင်း စခန်းမှူး ရဲအုပ်သန်း မြင့်က ပြောသည်။ 

သုံးဘီးဆိုင်ကယ်နှင့် ဆိုင် ကယ်တိုက်မှု အောက်တိုဘာ ၁၉ ရက် ညနေ ၅ နာရီကျော်က မြစေတီရဲကျောင်းရှေ့တွင် ဖြစ်ပွားပြီး ကူညီကယ်ဆယ်ရေးအဖွဲ့က လာရောက်ကူညီစဉ် ဇင်ကိုအောင် ဆိုသူက ရဲဝန်ထမ်းဖြစ်ကြောင်း ပြောဆိုကာ သုံးဘီးဆိုင်ကယ်သ မားကို လွှတ်ပေးခဲ့ကြောင်း မော်လ မြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဟန်ကိုက ပြောသည်။ 

‘‘ဖုန်းဆက်အကြောင်းကြား လို့ လူနာသွားကယ်တာပါ။ ဒီလူ က ရောက်လာပြီး ငါက မုပွန်ရဲ စခန်းက ရဲလို့ပြောတယ်။ ပြီးတော့သုံးဘီးဆိုင်ကယ်သမားကို သူ့သူ ငယ်ချင်းဆိုပြီး လွှတ်ပေးလိုက် တယ်။ ရောက်လာတဲ့ယာဉ်ထိန်း တွေကို လည်းဆဲတယ်။ လူကလည်း မူးနေတယ်’’ဟု ၎င်း က ပြောသည်။ 

အခင်းဖြစ်နေရာသို့ ရောက် ရှိလာသော မော်လမြိုင်ယာဉ် ထိန်းတပ်ဖွဲ့ဝင်များကို ‘‘မင်းတို့ ယာဉ်ထိန်းနဲ့ ပြောစရာမလိုဘူး။ ငါ မုပွန်စခန်းက ရဲပဲ၊ စခန်းမှူးနဲ့ပြောမယ်’’ဟု ပြောဆိုခဲ့ကြောင်း ကိုဟန်ကိုက ပြောသည်။ 

‘‘ရဲစခန်းကို ချက်ချင်းဖုန်း ဆက်ပြီး အကြောင်းကြားလိုက် တယ်။ စခန်းကလည်း ဒီနာမည်နဲ့ သူတို့စခန်းမှာ မရှိဘူးပြောတယ်။ ဘေးက ကြည့်နေတဲ့သူတွေက ရဲ မဟုတ်မှန်းသိတော့ သူ့ကို ဝိုင်း ရိုက်ဖို့ လုပ်ကြတယ်။ ဒါနဲ့ ကျွန် တော်တို့ကယ်ဆယ်ရေးကားနဲ့ ရဲ စခန်းကို ပို့ပေးလိုက်တယ်’’ဟု ၎င်းက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ရဲဝန်ထမ်းအယောင် ဆောင်သူကို မော်လမြိုင်ယာဉ် ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးခင်မောင် အေးက တရားလိုပြုလုပ်ကာ မုပွန်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား သဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၇၀၊ပြည်သူ့ဝန်ထမ်းအယောင်ဆောင် ပုဒ်မဖြင့်  အမှုဖွင့်စစ်ဆေးနေ သည်။