ဇေယျာဖြိုး၏ဇနီးအိပ်ခန်းထဲမှ သိန်းငါးဆယ် ရဲတပ်ဖွဲ့သိမ်းဆည်းပြီး ပျောက်ဆုံးနေကြောင်း ရှေ့နေပြော၊ သိန်းငါးဆယ် မသိမ်းကြောင်း ရဲတပ်ဖွဲ့ငြင်းဆို

ဦးကိုနီလုပ်ကြံခံရမှုကို အောက်တိုဘာ ၂၀ရက်က ၂၈ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။ (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဦးကိုနီလုပ်ကြံခံရမှုတွင် နောက်ကွယ်မှ စေခိုင်းသူအဖြစ် တရားရင်ဆိုင်နေရသည့် ဇေယျာ ဖြိုး၏နေအိမ်သို့ ရဲတပ်ဖွဲ့ ၀င်ရောက်ရှာဖွေစဉ် ကျပ်သိန်းငါး ဆယ်ကို သိမ်းဆည်းသွားသော် လည်း သက်သေခံပစ္စည်းများစာ ရင်းတွင် မပါရှိဘဲပျောက်ဆုံးနေ ကြောင်း ဇေယျာဖြိုး၏ရှေ့နေဒေါ် ပပ၀င်းက တရားခွင်၌ ပြောကြားရာ ရဲဘက်က ငြင်းဆိုသည်။

ဇေယျာဖြိုး၏ဇနီးဒေါ်သီ တာလွင်အိပ်ခန်းအတွင်း ၀င် ရောက်ရှာဖွေစဉ် ကျပ်တစ်သောင်းတန်ငါးထုပ်သိမ်းဆည်း ခဲ့ပြီး တရားရုံးသို့ ရှာဖွေပုံစံအဖြစ် တင်သွင်းသည့်အခါ ပါလာခြင်းမရှိသဖြင့် ဇေယျာဖြိုး၏ ရှေ့နေက အောက်တိုဘာ ၂၀ရက်တွင် တရားခွင်အတွင်း မေးမြန်းခြင်းဖြစ်သည်။

ဇေယျာဖြိုး၏နေအိမ်ကို ရှာ ဖွေရာတွင်ပါဝင်သည့် ရဲအုပ်ဇော်ဇော်ထွန်းကို ပြန်လှန်စစ်မေးရာကျပ်တစ်သောင်းတန်ငါးထုပ်(ကျပ်သိန်း ၅၀)သိမ်းဆည်းခြင်းမရှိကြောင်း ရဲအုပ်ဇော်ဇော်ထွန်းက တရားခွင်အတွင်း ပြန်လည်ဖြေကြားသည်။

‘‘အိမ်တစ်အိမ်ကို ရှာဖွေတဲ့ နေရာမှာ ဥပဒေနဲ့အညီရှာဖွေမှ ဥပဒေနဲ့ညီတာ။ ရှာဖွေပုံစံနည်း လမ်းမကျတဲ့အပြင် ရှာဖွေသက် သေပစ္စည်းတွေကလည်း အမှုနဲ့ မဆိုင်ပါဘူး။ သိန်းငါးဆယ်ကိစ္စ ကတော့ အမှုသည်ရဲ့ညွှန်ကြား ချက်အရ ဒီပစ္စည်းတွေသိမ်းထား ပြီး ရှာဖွေပုံစံမှာ ဘာကြောင့်မပါ တာလဲဆိုတာ မေးတာပါ။ ပိုင် ဆိုင်ကြောင်း စာရွက်စာတမ်း ရယ်၊ ငွေကြေးရယ်၊ အိမ်ဂရန် ရော ဆေးမှတ်တမ်းတွေပါ အခု ချိန်ထိ ပြန်မပေးသေးဘူး’’ ဟု ဒေါ်ပပ၀င်းက ပြောသည်။

တရားခွင်အတွင်း ရဲအုပ် ဇော်ဇော်ထွန်း၏ အဓိကထွက်ဆို ချက်တွင် ဇေယျာဖြိုး၏နေအိမ်ကို ရှာဖွေခဲ့သည့် လမှားယွင်းထွက် ဆိုသည့်အပေါ် နှစ်ဖက်ရှေ့နေများဝေဖန်ခဲ့သည်။

ဇေယျာဖြိုး၏နေအိမ်သို့ ရဲ တပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်မှာ ၂၀၁၇ ဖေဖော်ဝါရီ ၄ ရက်တွင် ရှာဖွေခဲ့ခြင်းဖြစ်သော်လည်း တရားခွင်အတွင်းဇန်န၀ါရီ ၄ ရက်၌ ရှာဖွေခဲ့သည်ဟု ထွက် ဆိုခဲ့ပြီး ရှာဖွေပုံစံအတွင်း၌လည်း ထိုသို့ရေးသားထားကြောင်း တရားလိုရှေ့နေ  ဦးခင်မောင်ဌေးက ပြောသည်။

‘‘ဦးကိုနီအသတ်မခံရခင် သူ တို့က ကြိုပြီးရှာတဲ့ပုံစံဖြစ်နေ တယ်။ ရှာဖွေတဲ့နေ့ရက်တွေက မှားစရာမလိုဘူး။ လုံးဝမမှားသင့် တဲ့ကိစ္စကို မှားနေပြီ။ ရှာဖွေပုံစံ မှာလည်း ဖျက်ရာပြင်ရာတွေဖြစ် လာပြီ။ တော်တော့်ကို ပေါ့ပေါ့ဆ ဆလုပ်နေသလားလို့ ထင်မိ တယ်။ သိန်းငါးဆယ်နဲ့ပတ်သက် ပြီး အဲဒါက ရဲကယူသွားတယ်။ ယူသွားပေမယ့် ရှာဖွေပုံစံမှာ မပါ ဘူးဆိုတဲ့အခါကျတော့ တော် တော်အံ့ဩစရာပဲ။ ရဲတပ်ဖွဲ့ဒီလို လုပ်လိမ့်မယ်လို့ မထင်ဘူး။ သို့ ပေမဲ့ တစ်ဖက်ကစွပ်စွဲချက်တွေရှိလာပြီ။ ကျွန်တော်တို့လည်း အံ့အားသင့်တဲ့မေးခွန်းတွေပေါ့။ သူတို့ပြောသလို မှန်နေတယ်ဆိုရင်တော့ တရားခံတွေဘက်က နစ်နစ်နာနာဖြစ်တယ်။ တရားဥပဒေနဲ့ပတ်သက်ပြီး မျှတမှုတွေ တကယ်ရှိရဲ့လားလို့ ထင်စရာဖြစ် လာတယ်’’ ဟု ၎င်းကပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်ပြီး မြောက်ပိုင်းခရိုင်တရား ရုံးတွင် အောက်တိုဘာ ၂၀ ရက် က တရားလိုပြသက်သေသုံးဦးကို ထပ်မံစစ်ဆေးခဲ့ပြီး ရဲအုပ်ဇော် ဇော်ထွန်း၊ တာမွေလေးရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြသိန်းနှင့်ရာ အိမ်မှူးဦးဝင်းသိန်းတို့ကို စစ်ဆေး ခဲ့သည်။

ဦးကိုနီလုပ်ကြံခံရမှု၏ ၂၈ ကြိမ်မြောက်ရုံးချိန်းအပြီးတွင် တ ရားရုံးသို့ တင်သွင်းထားသည့် တရားလိုပြသက်သေ ၈၀ ဦးအ နက် သက်သေ ၅၀ ဦးကို စစ်ဆေး ပြီးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီ၏ဥပဒေအကြံ ပေး တရားလွှတ်တော်ရှေ့နေဦး ကိုနီသည် အင်ဒိုနီးရှားသမ္မတနိုင် ငံတွင် ကျင်းပသည့် Senior Leadership Program လေ့လာ ရေးခရီးစဉ်မှ အပြန် ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ် Terminal 1 မှ အထွက် ကားပါကင်၌ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။

Top News