ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ဒဏ်ရာရမီးသတ်အရာရှိ၏ ဦးခေါင်းခွဲစိတ်ကုသ၊ သတိမရသေး

မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး မသိရသေး၊ ဟိုတယ်မန်နေဂျာကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်၍ ချုပ်ရမန်ယူ
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ − ကျော်ဇင်သန်း)

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုတွင် ဒဏ်ရာ ရရှိသည့် မီးသတ်အရာရှိ၏ ဦးခေါင်းခွဲစိတ်ကုသမှုအောင်မြင် သော်လည်း လက်ရှိအချိန်ထိ သတိမရသေးကြောင်း ရန်ကုန် တိုင်းမီးသတ်ဦးစီးမှူး ဦးကြည်ဝင်းက ပြောသည်။

‘‘ဦးခေါင်းခွံကို ငါးလက်မ လောက်ခွဲထုတ်ပြီး သွေးခဲနေတာ တွေကို ထုတ်ပစ်တယ်။ သတိ တော့မရသေးဘူး။ လောလော ဆယ် အခြေအနေကတော့ ၅၀၊ ၅၀ ပါပဲ’’ဟု ၎င်းက အောက်တို ဘာ ၂၀ ရက် ညတွင် ပြောသည်။

အောက်တိုဘာ ၁၉ ရက် နံနက်က ဖြစ်ပွားခဲ့သော ကန် တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်မှုတွင် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်း သည် မီးငြှိမ်းသတ်နေရင်း ၎င်း၏ ခေါင်းပေါ်သို့ ပေ ၂၀ ခန့်အမြင့်မှ သစ်သားတန်းပြုတ်ကျ၍ သတိ မေ့သွားသောကြောင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသ မှုခံယူခဲ့သည်။


‘‘ပထမက မရဘူးတောင် ပြောတာ။ မျက်စိသူငယ်အိမ်က ကျယ်သွားတော့ မရတော့ဘူး ပြောတာ’’ဟု ဆေးရုံသို့ ရောက်ရှိ စဉ် ကြုံခဲ့ရသည့်အကြောင်းကို ဦးကြည်ဝင်းက ပြောသည်။

လတ်တလောတွင် ဦးကျော် စွာလင်းသည် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အထူး ကြပ်မတ်ကုသဆောင်၌ ဆေ ကုသမှုခံယူနေသည်။

ဆေးကုသမှုခံယူနေသည့် ဦးကျော်စွာလင်းအတွက် ရန်ကုန် တိုင်းအစိုးရအဖွဲ့က အောက်တို ဘာ ၂၀ ရက် နေ့လယ်တွင် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်း လာ ရောက်ပေးအပ်ခဲ့သည် ။ထို့အ ပြင် ဦးကျော်စွာလင်းအား အကူ အညီပေးရန် ဟိုတယ်ဘက်က ကမ်းလှမ်းမှုများရှိသော်လည်း ဝန်ကြီးဌာနဘက်က လက်မခံခဲ့ ကြောင်း ဦးကြည်ဝင်းက ပြော ကြားသည်။

ကန်တော်ကြီးပဲလေ့စ် မီး လောင်မှုအကြောင်းရင်းနှင့် မီး လောင်ဆုံးရှုံးမှုတန်ဖိုးကို တွက် ချက်ဆဲဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်အထိ ထုတ်ပြန်ခြင်းမရှိ သေးပေ။

 ‘‘ဟိုတယ်အာမခံထားတဲ့ ဘဏ်က လေးငါးခုလောက်ရှိနေ တော့ ကြန့်ကြာနေတဲ့သဘောရှိ တယ်။ မနေ့ကလည်း လုံခြုံရေး ချပြီးပိတ်ထားတော့ အထဲကို မဝင်နိုင်တော့ မစစ်ဆေးနိုင်တဲ့ အနေ အထားလေးတွေရှိတယ်’’ ဟု မီးလောင်ဆုံးရှုံးမှု  ထုတ်ပြန်ရန် ကြန့် ကြာနေသည့်အပေါ် မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

မီးလောင်မှုအကြောင်းရင်း ကို စစ်ဆေးရန် မီးသတ်ဦးစီးဌာန နှင့် သက်ဆိုင်ရာဌာနများပူးပေါင်း ၍ အဖွဲ့ဖွဲ့ကာ စစ်ဆေးရန်ရှိ ကြောင်း ဦးကြည်ဝင်းက ပြော သည်။

ထို့အပြင် အောက်တိုဘာ ၁၉ ရက် ညနေတွင် ထပ်မံတွေ့ရှိ သည့် ရုပ်အလောင်းနှင့်ပတ်သက် ၍ တည်းခိုသည့် ဧည့်သည်စာရင်း တွင် ပျောက်ဆုံးနေသည့် ထိုင်းနိုင်ငံသူ၏ ရုပ်အလောင်း ဟုတ်၊မဟုတ် စစ်ဆေးရန် အစီအစဉ်ရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က အောက်တိုဘာ ၂၀ ရက်၌ သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဟိုတယ်မန်နေဂျာကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅၊ ပေါ့လျော့မှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄ (က)နှင့် ပြင်းထန်နာကျင်မှု ပုဒ်မ ၃၃၈ တို့ ဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲ စခန်းတွင် အမှုဖွင့်အရေးယူထား ပြီး အောက်တိုဘာ ၂၀ ရက်က ရုံးထုတ်ရမန်ယူခဲ့သည်။

 ကန်တော်ကြီးပဲလေ့စ်ဟို တယ်သည် အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် မီး လောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နာရီ အတော်ကြာ မီးငြှိမ်းသတ်ခဲ့ရ သည်။ မီးလောင်မှုကြောင့် ဂျပန် နိုင်ငံသားတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးပြီး မကာအိုနိုင်ငံသူတစ် ဦးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ် အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မကာအိုနိုင်ငံသူသည် ဟို တယ်လေးလွှာမှ သုံးလွှာသို့ ခုန်ချ ခဲ့ရာ ခါးနာကျင်ခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး အောက်တိုဘာ ၂၀ ရက်၌ Grand Hantha Interna-tional ဆေးရုံသို့ပြောင်းရွှေ့ဆေးကုသမှုခံယူနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် ကန် တော်ကြီးပဲလေ့စ်ဟိုတယ်၏ အ ခန်း ၁၈၅ ခန်းအနက်  ၉၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

Top News