မုန်တိုင်းငယ် အိန္ဒိယကမ်းခြေသို့ ယနေ့ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်ထဲမှ မုန်တိုင်းငယ်ပုံရိပ်ကို အောက်တိုဘာ ၁၉ရက်တွင် ထိုင်းဂြိုဟ်တုမှ တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းငယ်သည် အိန္ဒိယကမ်း ခြေဘက်သို့ ဦးတည်နေပြီးယနေ့ (အောက်တိုဘာ ၂၀ရက်)တွင် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း သည်။

ဘင်္ဂလားပင်လယ်အော် အ လယ်ပိုင်းတွင် အောက်တိုဘာ ၁၇ ရက်နေ့လယ်ကစကာ မုန်တိုင်းငယ် ဖြစ်ပေါ်ခဲ့သည်။ ယင်းမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေကို ဦးတည်နေရာမှ အောက်တိုဘာ ၁၈ ရက်ညနေတွင် ရခိုင်ကမ်းရိုး တန်းနှင့် ထိစပ်နေသော ဘင်္ဂလား ပင်လယ်အော်မြောက်ဘက်သို့ ဦးတည် ရွေ့လျားခဲ့သည်။ အောက်တိုဘာ ၁၉ ရက် နေ့ လယ်တွင် အိန္ဒိယကမ်းခြေဘက် သို့ ပြန်လည်ဦးတည်သွားပြီး ကုန်းတွင်းသို့ ၀င်ရောက်နိုင် ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းတွက်ချက်ထားသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ပင်လယ် ပြင်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအ မြင့် ၆ ပေခန့်မှ ၁၀ ပေခန့်ရှိနိုင်ကာ မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ပုံမှန်ထက်မိုးကောင်းနိုင်ကြောင်း သတိပေးထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မန္တလေး၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း သတင်းထုတ် ပြန်ထားသည်။

More in Environment Section