ဘင်္ဂါလီရွာများကို တိုင်းရင်းသားရွာများနှင့် ဝေးသည့်နေရာသို့ ပြောင်းရွှေ့ပေးရန် မောင်တောဒေသခံတိုင်းရင်းသားများက ကုလဒုအတွင်းရေးမှူးချုပ်ထံ တင်ပြ

 မောင်တောရှိ ဘင်္ဂါ လီရွာများကို တိုင်းရင်းသားကျေး  ရွာများနှင့် ဝေးသည့်နေရာများသို့ ပြောင်းရွှေ့ပေးရန် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲ့လ်မန်နှင့် တာဝန်ရှိသူ များထံ တင်ပြခဲ့ကြောင်း ဒေသခံ တိုင်းရင်းသားများက ပြောသည်။

ကုလသမဂ္ဂ ဒုတိယအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ အောက်တိုဘာ ၁၇ ရက်က မောင်တောဒေသသို့ သွားရောက် ရာ ဒေသခံတိုင်းရင်းသားများက တင်ပြခဲ့ကြောင်း၊ လုံခြုံရေးအရ ထိုသို့တင်ပြခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် ရွှေရင်အေး ကျေးရွာနေ ဒေသခံများက ပြော သည်။

 ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က မောင်တောခရိုင်ရှိ နယ် ခြားစောင့်ရဲစခန်း သုံးဆယ်ကျော် ကို ARSA အကြမ်းဖက်အဖွဲ့ စီးနင်းတိုက်ခိုက်ခဲ့ချိန်က ဘူးသီး တောင် - မောင်တောလမ်းတွင် မြို့သူကြီး ဘင်္ဂါလီကျေးရွာတည် ရှိမှုကြောင့် လုံခြုံရေးစိုးရိမ်ကာ ကားလမ်းဆက်သွယ်သွားလာမှု လေးရက်ခန့် ရပ်ဆိုင်းခဲ့သည်။

ထို့ကြောင့် မောင်တောခရိုင် တွင် အဓိကသွားလာသည့်လမ်း များ၌ တည်ရှိနေသည့်ဘင်္ဂါလီရွာ များကို လုံခြုံရေးအရ လမ်းနှင့် ဝေးသည့်နေရာများသို့ ပြောင်း ရွှေ့ရန် တင်ပြခဲ့ကြောင်း ရွှေရင် အေးရွာမှ ဦးမောင်မောင်က ပြော သည်။

ARSA အကြမ်းဖက်သမား များ၏ အန္တရာယ်ကို ယခုအချိန် အထိ စိုးရိမ်နေရကြောင်း မောင် တောမြို့နယ် ငါးခူရကျေးရွာမှ ဘင်္ဂါလီအမျိုးသားတစ်ဦးက တင် ပြသည်။ နိုင်ငံသားအဖြစ် အသိ အမှတ်ပြုပေးရန်နှင့် လွတ်လပ်စွာ သွားလာခွင့်ပေးရန်လည်း အခြား ဘင်္ဂါလီတစ်ဦးက တင်ပြသည်။

နိုင်ငံသားအဖြစ် အသိအ မှတ်ပြုရန် အစိုးရက အကောင်အထည်ဖော်နေသည့် နိုင်ငံသား စိစစ်ခံရမည့် ကတ်ပြား (NVC) ကို လက်ခံမှသာ အဆင်ပြေမည်ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဖြေကြား ကြောင်း ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  ရေးသားထား သည်။ မစ္စတာ ဂျက်ဖရီဖဲ့လ်မန် သည် အောက်တိုဘာ ၁၇ ရက်က ရသေ့တောင်မြို့နယ် အနောက် ပြင်ကျေးရွာ၊ မောင်တောမြို့နယ် ငါးခူရကျေးရွာနှင့် ရွှေရင်အေး ကျေးရွာတို့သို့ သွားရောက်လေ့ လာခဲ့ပြီး စစ်တွေမြို့ရှိ တိုင်းရင်း သား  ဒုက္ခသည်  စခန်းများနှင့် သက္ကယ်ပြင်ဒုက္ခသည်စခန်းများ သို့ သွားရောက်လေ့လာခဲ့သည်။

Top News