Woodside က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတွင် နောက်ဆုတ်ခြင်းမရှိဟု ကုမ္ပဏီပြန်ကြားရေး တာဝန်ရှိသူပြော

 သြစတြေးလျရေနံကုမ္ပ ဏီ Woodside သည် မြန်မာနိုင်ငံ ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တူး ဖော်ရေးလုပ်ငန်းများတွင် နောက် ဆုတ်ခြင်းမရှိကြောင်း ယင်းကုမ္ပ ဏီ အကြီးတန်းမီဒီယာ အကြံ ပေး Christine Forster က ပြော ကြားသည်။

Woodside ကုမ္ပဏီသည် ရခိုင်မြောက်ပိုင်းရှိ AD-7 လုပ်ကွက်ကို တင်ဒါပယ်ဖျက်ကြောင်း၊ ရိုက်တာသတင်းဖော်ပြချက်အ ပေါ် ကုမ္ပဏီဘက်က အထက်ပါ အတိုင်း ပြန်လည်ရှင်းလင်းဖြေ ကြားသည်။

‘‘Woodside ဟာ ၂၀၁၇ အ တွက် လျာထားတဲ့ တူးဖော်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ပြီး Woodside ရဲ့ ၂၀၁၇ နှစ်လယ်အစီရင်ခံစာပါ အကြံပြုချက်များနဲ့အညီ ၂၀၁၈ အတွက် လုပ်ငန်း အစီအစဉ်တွေဆက်လက် ရေးဆွဲလျက်ရှိပါ တယ်’’ဟု ကုမ္ပဏီ၏ပြောရေးဆို ခွင့်ရှိသူက ပြောကြားထားကြောင်း Christine Forster က 7Day Daily သတင်းစာအား ပြောသည်။

ဧရာဝတီကမ်းလွန်ရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် များဖြစ်သည့် A-7 နှင့် AD-5 လုပ်ကွက်များတွင် ၂၀၁၈ အတွင်း သဘာဝဓာတ်ငွေ့တူးဖော်မည် ဖြစ်ကြောင်း သြစတြေးလျအခြေ စိုက် Woodside Energy ကုမ္ပဏီ က သြဂုတ် ၁၄ ရက်စွဲဖြင့် ထုတ် ပြန်ထားသည်။

Woodside ကုမ္ပဏီသည် ရခိုင်ကမ်းလွန်၊ ဧရာဝတီကမ်း လွန်တို့တွင် A-4, A-6. A-7, AD-2, AD-5, AD-7 လုပ်ကွက် များ စမ်းသပ်ရှာဖွေခွင့်ရရှိထား သည်။  A-7 လုပ်ကွက်တွင် Wood-side က ၄၅ ရာခိုင်နှုန်းရှယ်ယာ ပါဝင်ပြီး တူးဖော်ရေးအော်ပရေ တာအဖြစ် ဆောင်ရွက်ခြင်းဖြစ် သည်။ Shell ရေနံကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနှင့် MPEP က ၁၀ ရာ ခိုင်နှုန်းပါဝင်သည်။ AD-5 လုပ် ကွက်တွင် Woodside က ရှယ်ယာ၅၅ ရာခိုင်နှုန်းနှင့် Shell က ၄၅ ရာခိုင်နှုန်းရှယ်ယာပါဝင်သည်။

A-6 လုပ်ကွက်ရှာဖွေရေးတွင်း လေးတွင်းစလုံး ဓာတ်ငွေ့တွေ့

A-6 လုပ်ကွက်တွင် Wood- side ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် MPRL E&P ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဦးတင့်ဆွေက MPRL E&P သည် A-6 လုပ် ကွက်တွင် အော်ပရေတာအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၂ က စ၍ ၂၀၁၇ အထိ သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်းလေးတွင်း ဖော်ခဲ့ ကြောင်း၊ ထိုတွင်းအားလုံး၌ဓာတ်ငွေ့ တွေ့ရှိထားကြောင်း ပြော သည်။  လက်ရှိတွင် တွေ့ရှိထား သည့် သဘာဝဓာတ်ငွေ့ အနေ အထားကို ခွဲခြားသတ်မှတ်ရန် ဆောင်ရွက်ပြီး တတိယအဖွဲ့အ စည်း၏ထောက်ခံမှုဖြင့် ထုတ်ပြန် ရန် စီစဉ်နေကြောင်း ဦးတင့်ဆွေ က ရှင်းပြသည်။

A-6လုပ်ကွက်တွင် MPRL E&P ကုမ္ပဏီက စွန့်စားရင်းနှီးမြှုပ် နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျ ရေနံကုမ္ပဏီ Woodside Energy နှင့် Total Myanmar E&P က ၄၀ ရာခိုင်နှုန်းစီ ပါဝင်ဆောင်ရွက် ခြင်းဖြစ်သည်။

Top News