အမ်းမြို့တွင် ဆူပူမှုဖြစ်စေရန် စည်းရုံးခဲ့သူဟု စွပ်စွဲခံရသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတပ်

ရခိုင်ပြည်နယ် အမ်းမြို့ တွင် ဆူပူမှုများ ပြုလုပ်ပေးရန် လူတစ်ဦးလျှင် ကျပ်ငါးသိန်းဖြင့် စည်းရုံးခဲ့သူဟု စွပ်စွဲခံရသူကို မကွေးခရိုင် တရားရုံးက ထောင် ဒဏ်တစ်သက်တစ်ကျွန်းအထိ ချ မှတ်နိုင်သော နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မတပ်ပြီး အောက် တိုဘာ ၁၉ ရက်၌ ရုံးထုတ်မည် ဖြစ်သည်။ .

နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ ၁၂၄-က ဖြင့် စစ်ဆေး ခံရမည့် သူသည် မကွေးမြို့ဒေသခံ အသက်(၆၀) ခန့်ရှိ ဦးအောင် ကျော်မြင့်ဖြစ်သည်။ ၎င်းသည် မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအ လုပ်အမှုဆောင် ဦးဟန်မောင်၏ လုပ်ငန်းဆိုင်ရာ မန်နေဂျာ ဖြစ် သည်။

ကနဦးက အမ်းမြို့တွင် ဆူပူမှုဖြစ်စေရန် စည်းရုံးနေသူသည် ဦးဟန်မောင်ဟု ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ စွပ်စွဲမှုများဖြစ်ပေါ်ခဲ့ပြီး စွပ်စွဲခဲ့သည့် ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် ငါးဦးကို ဦးဟန်မောင်က အောက်တိုဘာ ၄ ရက်တွင် ဆက် သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။

ထို့အတူ ဦးဟန်မောင်သည် ဦးအောင်ကျော်မြင့်အား လုပ်ငန်း တွင်း ငွေအလွဲသုံးစား လုပ်မှုဖြင့် တရားစွဲထားရာ ဦးအောင်ကျော် မြင့်သည် လက်ရှိ အချုပ်ထဲတွင် ဖြစ်သည်။

 အမ်းမြို့တွင် ဆူပူမှုများ လုပ်ဆောင်ပေးရန် စည်းရုံးမှုပြု လုပ်ခဲ့သူအား စက်တင်ဘာ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်ရန် မကွေးခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာ ၁၇ ရက်တွင် မကွေးခရိုင်တရားသူကြီး ဒေါ်မိမိ စိန်က တရားလို ဦးသန်းဆွေအား ခေါ်ယူစစ်ဆေးခဲ့ပြီး ရာဇသတ် ကြီး ပုဒ်မ ၁၂၄-က နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ တပ်ခဲ့ ခြင်းဖြစ်သည်။

Top News