YBS ယာဉ်လိုင်းများ နည်းပညာပြောင်းလဲကျင့်သုံးရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူ

YBS ယာဉ်လိုင်းများ၌ နည်းပညာများ ပြောင်းလဲကျင့်သုံးရန် နည်းပညာကုမ္ပဏီများကို တင်ဒါခေါ်ယူနေကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့(YRTA)မှ တာဝန်ရှိသူက ပြောသည်။

ခရီးသည်များ အဆင်းအ တက်နှင့် ယာဉ်ပေါ်တွင် စနစ်တ ကျ နေရာချထားပေးနိုင်ရန်၊ ခရီး သည်များ သတ်မှတ်ယာဉ်စီးခနှုန်း ပေးချေနိုင်ရန် (ငွေပုံးထဲထည့်မှု၊ ငွေပေးချေကတ် အသုံးပြုမှု)၊ သတ်မှတ်ခရီးစဉ်အတွင်း ခရီးသည်များ လုံခြုံစွာသွားလာနိုင်ရေး ယာဉ်မောင်းများ ထိန်းကျောင်းမောင်းနှင်စေခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာ၌ နည်းပညာများ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ၎င်းကပြော သည်။


 ‘‘ယာဉ်အကူလုပ်သားတွေ ကတစ်ဆင့် နည်းပညာနဲ့သွားချင် တဲ့အတွက် ကုမ္ပဏီတွေကို တင်ဒါခေါ်တာပါ။ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့ရုံးခန်းကို လာရောက်ဆွေးနွေးနိုင်တယ်’’ဟု YRTA တာဝန်ရှိသူကဆိုသည်။

 ခရီးသည်ယာဉ်ထိန်း ကျောင်းသူ၊ လမ်းညွှန်ပြသနိုင်သူ ဝန်ထမ်းများ၊ တာဝန်ပေးအပ်ရန် (Bus Guide, Bus Marshal), Cash Based Ticketing System, CCTV System စသည့်နည်းပညာများဖြင့် YBS ဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရန် အောက်တိုဘာ ၁၆ ရက်က နိုင်ငံ ပိုင်သတင်းစာမှတစ်ဆင့် နည်းပညာကုမ္ပဏီများကို တင်ဒါခေါ် ယူထားသည်။

ထိုသို့ နည်းပညာပြောင်းလဲ ကျင့်သုံးမည့် အစီအစဉ်နှင့် ပတ် သက်၍ Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ကိုတရုတ်လေးက ‘‘ဒီစနစ်က တစ်မြို့လုံးအတိုင်းအတာ အနေနဲ့တော့ မလိုအပ်ဘူး။  အလေ့အကျင့်အားနည်းတဲ့ နေရာတွေ မှာ လိုအပ်တယ်။ ကျွန်တော်တို့ ယာဉ်လိုင်းတွေဆိုရင် မလိုအပ် ဘူး။ ပြေးဆွဲတာက မြို့လယ် ကောင်လည်းဖြစ်တယ်။ နောက် ပြီး ကျွန်တော်တို့ ယာဉ်လိုင်းမှာ ခရီးသွားပြည်သူတွေကလည်း ပူးပေါင်းတယ်။ ယာဉ်လုပ်သားတွေ ကလည်း အလေ့အကျင့်အား ကောင်းတယ်’’ဟု ပြောသည်။

လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ မှော်ဘီ စသည့်နေ ရာများတွင် အဆိုပါစနစ်များကို ကျင့်သုံးရန် လိုအပ်ကြောင်း ကို တရုတ်လေးက ဆက်ပြောသည်။