သတ္တမတန်းကျောင်းသူကို ခိုးယူပေါင်းသင်းသော ရဲတပ်သားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

မိဘများ ခရီးသွားနေစဉ် နေအိမ်တွင် ကျန်ခဲ့သည့် အသက် (၁၃)နှစ်အရွယ် သတ္တမတန်း ကျောင်းသူကို ခိုးယူပေါင်းသင်းခဲ့ သည့် မလှိုင်မြို့မရဲစခန်းမှ ရဲတပ် သားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်အ ရေးယူထားသည်။

မလှိုင်မြို့ နယ်မြေ (၃)၊ (၃) ရပ်ကွက်နေ သတ္တမတန်းကျောင်း သူ၏ မိခင်နှင့် ဖခင်တို့သည် ပြင် ဦးလွင်မြို့သို့ သွားရောက်နေစဉ် နေအိမ်တွင် အဒေါ်နှင့်အတူ မိန်း ကလေးအား ထားခဲ့ချိန် ဖြစ်ပွားခဲ့ ကြောင်း မလှိုင်မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြော ကြားသည်။

ခိုးယူပေါင်းသင်းခံရသည့် မိန်းကလေးသည် အောက်တိုဘာ ၁၁ ရက် နံနက် ၆ နာရီခွဲက နေ အိမ်ရှေ့တွင် အမှိုက်လှည်းနေစဉ် မလှိုင်မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် (၂၂)နှစ်အရွယ် ရဲတပ်သားဖြိုးဝေ လွင်က ဆိုင်ကယ်ဖြင့် ရောက်လာပြီး မိန်းကလေးကို ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

‘‘သူတို့နှစ်ယောက်က ကြိုက်နေကြတာ။ ကြိုက်နေကြတော့ ကောင်မလေးက လူငယ်သဘာဝ ချိန်းတယ်။ သူတို့ချိန်းတွေ့ရင်းနဲ့ ခိုးပြေးဖြစ်သွားတယ်ပေါ့။ ကောင်မလေးမိဘတွေကလည်း ကောင်မလေးက (၁၃)နှစ်ပဲရှိသေးတော့ သဘောမတူလို့ ကျွန်တော်တို့ဆီမှာ အမှုလာဖွင့်တာပေါ့။ အခုတော့ ကောင်လေးကို ဖမ်းထားပါပြီ’’ဟု ၎င်းက ဆိုသည်။

အသက်မပြည့်သေးသူကို ခိုးယူပေါင်းသင်းသော ရဲတပ်သား ဖြိုးဝေလွင်ကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီခန့်က သာ စည်မြို့တွင် မိန်းကလေးနှင့်အတူ တွေ့ရှိ၍ ဖမ်းဆီးကာ လူခိုးမှု ပုဒ်မ၃၆၃ နှင့် အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆တို့ဖြင့် အမှုဖွင့်ထားကြောင်း မလှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြော သည်။

Top News