အောင်လံတွင် ကြက်သွန်နီဈေး ယခင်ထက် လေးဆကျော် မြင့်တက်

အောင်လံမြို့မဈေးကြီးအတွင်း ကြက်သွန်နီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

မကွေးတိုင်း အောင် လံမြို့နယ်တွင် ကြက်သွန်နီဈေး နှုန်းသည် တစ်ပိဿာလျှင်ကျပ် ငါးရာခန့်မှ အောက်တိုဘာ ဒုတိ ယပတ်တွင် ကျပ်နှစ်ထောင်ကျော် သို့ လေးဆကျော် မြင့်တက်လာ ကြောင်း ကြက်သွန်နီရောင်းသူ များက ပြောသည်။

‘‘ကြက်သွန်က လှောင်လက် တွေထဲမှာပဲ ရှိတော့တယ်။ အ ထွက်နည်းတော့ ဈေးကွက်မှာ စောစောပြတ်တဲ့ သဘောဖြစ် တာ။ ဒါကြောင့် ဈေးကထောင် တက်နေတာ။ တရုတ်ကနေ၀င်တဲ့ ကြက်သွန်တွေလည်းရှိတယ်’’ ဟု အောင်လံမြို့မဈေးကြီးရှိ ကြက် သွန်ဒိုင်ပိုင်ရှင်က ပြောသည်။

ဒေသမျိုးရင်း ကြက်သွန်နီ အလုံးကြီးများကို တစ်ပိဿာလျှင် ကျပ် ၂,၄၀၀ ဈေးနှုန်းဖြင့် လက် လီရောင်းချနေပြီး အလုံးသေး ကြက်သွန်နီသည် တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ဈေးနှုန်း ပေါက်ကာ အရောင်းဆိုင်များတွင်ပစ္စည်းပြတ်လုနီးပါး ဖြစ်နေကြောင်း အောင်လံမြို့ ကြက်သွန်အရောင်းဆိုင်ရှင် ကိုဝေလင်းကပြောသည်။

မုံရွာနှင့် ပခုက္ကူဒေသများမှ ဒေသမျိုးရင်း ကြက်သွန်နီများကို အောင်လံ၊ ဆင်ပေါင်ဝဲနှင့် သရက်မြို့ဈေးများသို့ တင်သွင်း နေပြီး တရုတ်ပြည်မှ ကြက်သွန် များလည်း မန္တလေးမြို့သို့တင် ပို့ရောင်းချနေကြောင်း အရောင်း အ၀ယ်လုပ်ငန်းရှင်များက ဆို သည်။ တရုတ်ပြည်မှ တင်သွင်း သော ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ် ၁,၅၀၀ ခန့်ဈေးနှုန်းဖြင့် လက်လီရောင်းချနေသော်လည်း ဈေးကွက်တွင် ဒေသထွက်ကြက် သွန်ကို လူကြိုက်များ၍ အရောင်း အ၀ယ်သွက်နေကြောင်း ၎င်းတို့ က ပြောသည်။

More in Regional Section