တရားစီရင်မှု မှားယွင်းသည်ဟုဆိုကာ ဧရာဝတီတိုင်း တရားလွှတ်တော်ရှေ့တွင် အမျိုးသမီးတစ်ဦး ဆန္ဒပြ

တိုင်းတရားလွှတ်တော်ရှေ့တွင် အောက်တိုဘာ ၁၆ ရက်က ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − သက်ဆွေ)

 ပြေစာအတုဖြင့် တရားစွဲ ဆိုခံရပြီး ပုသိမ်မြို့နယ်တရားရုံးက မှားယွင်းစွာ တရားစီရင်သည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ရှေ့တွင် အမျိုးသမီးတစ်ဦး အောက်တိုဘာ ၁၆ ရက် နံနက်က တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

၎င်းသည် ၂၀၀၄ က ဦးမောင်သက်ထံမှ ငွေဆောင်မြို့ အမှတ် (၃) ရပ်ကွက် မြို့ဦးစေတီအနီးရှိ မြေလွတ်မြေရိုင်းတစ်ဧကကျော်ကို ကျပ်တစ်သိန်းခွဲဖြင့် ၀ယ်ယူနေထိုင်ခဲ့ကြောင်း၊ ၂၀၁၁ တွင် ထိုမြေနေရာကို ဒေါ်လှညွန့်ဆိုသူက အမွေရသည့်မြေဟုဆိုကာ လယ်ပြေစာ အတုများဖြင့် အဆိုပါ တရားရုံး၌ တရားမမှုဖွင့်ကာ တရားစွဲခဲ့ကြောင်း၊ မြို့နယ်၌ တရားရှုံးသဖြင့် အဆင့်ဆင့် အယူခံဝင်ခဲ့ရာ တိုင်းတရားလွှတ်တော်တွင် အနိုင်ရခဲ့ကြောင်း ဒေါ်ရွှေလီက ပြောသည်။ သို့သော် တရားပြိုင်ဘက်က ပြည်ထောင်စုတရားလွှတ်တော်သို့ ဆက်လက်အယူခံဝင်ရာ နှစ်ပါးထိုင်အဖွဲ့က မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့သည်။

 ‘‘ဒီနေရာဟာလယ်မဟုတ် ပါဘူး။ မြေလွတ်မြေရိုင်း တောင် ကုန်းတွေပါ။ မြေလွတ်မြေရိုင်း တောင်ကုန်းတွေကို လယ်မြေအ ဖြစ် တရားစွဲဆိုနေတာ မှားနေပါ တယ်လို့ တရားရုံးမှာ တင်ပြခဲ့ပါ တယ်။ တရားစွဲဆိုခံရတဲ့နေရာနဲ့ လက်ရှိကျွန်မတို့နေတဲ့နေရာတွေ က ကွင်းအမှတ်တွေ၊  ဦးပိုင်အမှတ်တွေမတူပါဘူး’’ဟု တစ်ကိုယ်တော် ဆန္ဒပြသူ ဒေါ်ရွှေလီက ပြောသည်။  အဆိုပါ အမျိုးသမီးသည် လက်ရှိနေထိုင်သည့် မြေနေရာ နှင့်ပတ်သက်၍ ၂၀၁၁ တွင် ခွင့် ပြုချက်ဖြင့်ထားသူကို နှင်လိုမှု တရားမကြီးမှုဖြင့် တရားစွဲခံရ သည်။

လက်ရှိတွင် အဆိုပါ အငြင်း ပွားမှုကို တရားရုံးက ဇာရီမှု (တရားရှုံးသူက အယူခံဆက်ဝင် မည်ဆိုပါက)အဖြစ် ဆက်လက် ကြားနာနေပြီး အောက်တိုဘာ ၁၇ ရက်၌ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ပြောသည်။

‘‘ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီဘဲ ဆောင်ရွက်လို့မရပါဘူး။ ဇာရီနဲ့ပတ်သက်ရင်တော့ တရား မကျင့်ထုံး ဥပဒေအမိန့် ၂၁ နဲ့အ ညီ တည်နေတဲ့ ဒီဂရီတစ်ခုကို အတည်ပြုဖို့ ဆက်လက်ဆောင် ရွက်သွားရမှာဖြစ်ပါတယ်။ ခုခံ ချေပတာက သူတို့ရဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် အတည်မပြု ဖို့ တင်ပြထားတဲ့ စာပို့ထားပါတယ်။ မနက်ဖြန်မှာ ကြားနာသွားမှာဖြစ်ပါတယ်’’ဟု ဦးဝင်းအောင်က ပြောသည်။

ဒေါ်ရွှေလီက ပုသိမ်မြို့နယ် ဦးစီးတရားရုံး၏ မှားယွင်းစွာ တရားစီရင်မှုအပေါ် နစ်နာသဖြင့် ဆန္ဒထုတ်ဖော်ခြင်းဆိုသည့် စာ သားပါ ဗီနိုင်းကို ကိုင်ဆောင်၍ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ဆန္ဒ ထုတ်ဖော်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Top News