စက်ဘီးစီးယဉ်ကျေးမှုမြှင့်တင်ရန် ရန်ကုန်တက္ကသိုလ်၌ သင်တန်းဖွင့်လှစ်

ရန်ကုန်တက္ကသိုလ်အတွင်း စက်ဘီးစီးသင်တန်းဖွင့်လှစ်စဉ် (ဓာတ်ပုံ − Bikes in Ygn)

ရန်ကုန်မြို့တွင် စက်ဘီး စီးယဉ်ကျေးမှုမြှင့်တင်ရန် ရည် ရွယ်၍ စက်ဘီးမစီးတတ်သူများ အတွက် ပထမဆုံးစက်ဘီးစီးသင် တန်းကို ရန်ကုန်တက္ကသိုလ်၌ အောက်တိုဘာ ၁၅ ရက်ကစတင်၍ Bikes in Ygn အဖွဲ့က သင်ကြားပေးနေသည်။

‘‘ရန်ကုန်မှာ စက်ဘီးမစီး တတ်တဲ့ သူတွေရှိတယ်။ မစီး တတ်ကြတာ ရန်ကုန်ကများတယ် ပေါ့။ အဲဒီအတွက်ကြောင့် စက် ဘီးမစီးတတ်တဲ့ လူငယ်တွေအ တွက် ရည်ရွယ်ပြီးလုပ်ဖြစ်တာပါ’’ ဟု Bikes in Ygn မှ ကိုထက်ဘုန်း မြတ်နိုင်က ပြောသည်။

အဆိုပါစက်ဘီးစီးသင်တန်း ကို တက္ကသိုလ်ကျောင်းပိတ်ရက် များဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာလတွင် ရန်ကုန်တက္က သိုလ်တွင် သင်ကြားပေးမည် ဖြစ် သည်။

‘‘ကျွန်တော်တို့က သင်မယ့် လူတွေခေါ်တယ်။ သင်ပေးမယ့် လူတွေခေါ်တယ်။ စက်ဘီးတွေ ထုတ်ပေးလိုက်တာ’’ဟု ၎င်းက ပြောသည်။

 ယင်းသင်တန်းအတွက် အသက် (၁၆) မှ (၂၅) နှစ်အထိ သတ်မှတ်ထားပြီး တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီနှင့် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ တစ်ချိန်လျှင် တစ် နာရီခွဲကြာ သင်ကြားမည် ဖြစ် သည်။

‘‘အဖွဲ့ရဲ့ ရည်ရွယ်ချက်က တော့ ရန်ကုန်နဲ့ စက်ဘီး Culture ကို မြှင့်တင်ပေးချင်တာပေါ့။ လူ ငယ်တွေ စက်ဘီးယဉ်ကျေးမှုကို ချစ်တတ်ဖို့၊ ပတ်ဝန်းကျင်ရော၊ ကျန်းမာရေးအတွက်ရော၊ Trafficရော အဓိကကတော့ စက်ဘီးယဉ် ကျေးမှုကို ရန်ကုန်မြို့မှာ Promote လုပ်စေချင်တာ’’ဟု ကိုထက် ဘုန်းမြတ်နိုင်က ပြောသည်။

လက်ရှိတွင် စက်ဘီး  ၂၈ စီးဖြင့် သင်ကြားပေးနေပြီး သင်တန်းကြေး အခမဲ့ဖြစ်ကြောင်း ၎င်းက ပြောသည်။

အောက်တိုဘာလအတွက် သင်တန်းတက်ရန် ၈၀ ဦး စာရင်းပေးထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

‘‘နိုဝင်ဘာအတွက် ထပ်ခေါ် မယ်။ နိုဝင်ဘာအတွက် ဖြည့်ရ မယ့် ဖောင်ဒီတစ်ပတ်အတွင်း Bikes Ygn Page မှာ တင်မယ်။ သင်တန်းအတွက်တော့ ငါးထောင်ထက်မပိုတဲ့ အလှူငွေလက်ခံ တယ်’’ဟု ကိုထက်ဘုန်းမြတ်နိုင် က ဆိုသည်။

Bikes in Ygn အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ကိုဇွဲပြည့်၊ ကိုဟိန်းမင်းဦးတို့သည် စက်ဘီး နှင့်ပတ်သက်သော ဆောင်းပါး များကို ဘလော့ဂ်မှတစ်ဆင့် ဖြန့် ဝေနေရာ ၂၀၁၆ တွင် အမေရိကန်စင်တာမှ အာရှလူငယ်များ၏ ခေါင်းဆောင်အရည်အသွေးမြှင့်တင်ရန် ဖွဲ့စည်းထားသည့် YSEALI (Young Southeast Asian Leaders Initiative) အဖွဲ့ က ကျင်းပသည့် ပြိုင်ပွဲတွင် Bikes in Ygn အမည်နှင့် ရန်ကုန် တက္ကသိုလ်အတွင်း စက်ဘီးအငှား ဆိုင်ဖွင့်မည့် ပရောဂျက်ကို ၀င် ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိသည်။