မုံရွာတွင် ဆူဇူကီးယာဉ်တစ်စီး ရထားသံလမ်းပေါ်ဖြတ်ကူးစဉ် ရထားတိုက်ခံရ

ရထားသံလမ်းကို ဖြတ်ကူးစဉ် ရထားနှင့် တိုက်မိသောယာဉ်ကို ကြည့်ရှုနေကြစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 မုံရွာမြို့ ကန်သာဦးရပ်ကွက် တွင်  ရထားလမ်းဖြတ်ကူးသည့်ဆူဇူကီးအမျိုးအစားယာဉ် ရထား တိုက်ခံရကြောင်း မုံရွာဘူတာရုံပိုင် တာဝန်ခံဦးသန်းထွန်းအေးက ပြောသည်။

ကန်သာဦးရပ်ကွက်ရတနာ လမ်းအတိုင်း မောင်းလာသော စူဇူကီးယာဉ်သည် ရထားသံလမ်း ပေါ် ဖြတ်ကူးစဉ် မုံရွာမြို့မှ ခင် ဦးမြို့သို့ မောင်းလာသည့် အမှတ် (၅၉) အဆန်လူစီး လော်ကယ်ရထားနှင့် အောက်တိုဘာ ၁၄ရက် နေ့လယ် ၂ နာရီခွဲတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

‘‘အဲဒီရထားလမ်းကူးက တရားမဝင် ဖြတ်လမ်းဖြစ်တဲ့အ တွက် ဂိတ်စောင့်တွေ၊ မောင်းတံ တွေ မရှိဘူး။ ဘေးပတ်ဝန်းကျင် က ရထားလာတာကို ပြောပေမယ့်ကားတံခါးတွေ ပိတ်ထားတော့ မကြားဘူး။ ရထားလမ်းပေါ် ရောက်မှ ရထားကိုမြင်လို့ဘက် ဆုတ်ပေမယ့် မရဘဲ ရထားနဲ့ တိုက်သွားတာပါ။ ရဲစခန်းမှာ တော့ အမှုဖွင့်တိုင်ကြားထားပါ တယ်’’ ဟု ဦးသန်းထွန်းအေးက ပြောသည်။

စက်ခေါင်းအမှတ် DD956 ရထားသည် မုံရွာဘူတာနှင့်အလုံ ဘူတာကြား ရောက်ချိန်တွင် ရတ နာလမ်းအတိုင်း အရှေ့မှအ နောက်သို့ အသက် (၃၉) နှစ်အ ရွယ် အမျိုးသားတစ်ဦး မောင်း လာသော ဆူဇူကီးယာဉ်ကမီးရ ထားသံလမ်းပေါ် ဖြတ်မောင်းလာ ၍ မီးရထားစက်ခေါင်းနှင့်ကား၏ လက်ဝဲ ဘက်ခေါင်းပိုင်း ချိတ်မိခဲ့ သဖြင့် မီးရထားဝန်ထမ်းနှင့် ခရီး သည် ထိခိုက်ဒဏ်ရာရမှုမရှိဘဲ တန်ဖိုး ကျပ် ၃၀၀,၀၀၀ခန့်ပျက်စီး ခဲ့ပြီး   ရထားနှင့်တိုက်မိသော ကြောင့် မိနစ် ၃၀ ခန့် နှောင့်နှေး  ကြန့်ကြာခဲ့ကြောင်း ရဲမှတ်တမ်း များတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို ဥပဒေနှင့်အညီ အရေးယူပေးရန် မုံရွာဘူတာရုံပိုင်တာဝန်ခံက တရားလိုပြုလုပ် တိုင်ကြားသဖြင့် မုံရွာမြို့ နယ်မြေ ရဲတပ်ဖွဲ့စခန်းက ရထားပို့ဆောင် ရေး ဥပဒေပုဒ်မ ၈၅ အရ အမှုဖွင့် စစ်ဆေးနေသည်။

Top News