ပဲဈေးကွက်ကျ၍ မုံရွာနှင့် စစ်ကိုင်းခရိုင်အတွင်း ငရုတ်သီးစိုက်ပျိုးမှု နှစ်ဆတက်

မုံရွာဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနေသော ငရုပ်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးမင်းဦး)

 ပဲဈေးကွက်ကျဆင်းခဲ့ခြင်း ကြောင့် မုံရွာနှင့် စစ်ကိုင်းခရိုင်အတွင်း ငရုတ်သီးစိုက်ပျိုးထုတ်လုပ်မှု နှစ်ဆခန့်ပိုများလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး (၂) ဦးစိုးလွင်က ပြောသည်။

ယခင်နှစ်က အဆိုပါ ခရိုင် နှစ်ခုတွင် ငရုတ်စိုက်ဧက ၄,၀၀၀ ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် ငရုတ်စိုက်ဧက ၈,၀၀၀ ကျော်အ ထိရှိလာကြောင်း ဦးစိုးလွင်က ပြောသည်။

‘‘မနှစ်က တောင်သူတွေ အ ကျိုးအမြတ်ပိုရခဲ့တော့ ငရုတ်ပို စိုက်လာတာပါ။ အရင်တုန်းက ပဲ စင်းငုံ၊ ပဲစိုက်တဲ့ စိုက်ခင်းတွေပေါ့။ ပြီးခဲ့တဲ့နှစ်က ငရုတ်စိုက်ခင်း တစ်ဧကကို ၂၅ သိန်းလောက် အမြတ်ကျန်ခဲ့တယ်’’ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်လ ပြည့်နေ့ (အောက်တိုဘာ ၅ ရက်) မတိုင်မီက အာမိုမောင်တိန် ငရုတ်သီးတစ်ပိဿာလျှင် ကျပ် ၄၀၀၊ သာမို ၁၁ ငရုတ်သီးတစ်ပိဿာလျှင် ကျပ် ၆၅၀ ဈေးသာရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် အာမိုမောင်တိန် ငရုတ်တစ်ပိဿာ ကျပ် ၈၀၀ နှင့် သာမို ၁၁ ငရုတ်တစ်ပိဿာ ကျပ်၁,၀၀၀ ကျော်အထိ ဈေးမြင့်လာကြောင်း မုံရွာရှိ ငရုတ်သီးကုန်သည်တစ်ဦးက ပြောသည်။

မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင် အတွင်း စိုက်ပျိုးသော ငရုတ်သီး စိမ်းများကို ယခင်နှစ်များက ရခိုင် ဒေသသို့ အများဆုံးတင်ပို့ရောင်း ချခဲ့ရာမှ ယခုနှစ်တွင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ အဓိက တင်ပို့ရောင်းချနေကြောင်း ဒေသခံ ငရုတ်သီးကုန်သည်အချို့က ပြောသည်။

More in Regional Section