စစ်ကိုင်းတိုင်း ပဲစားပွဲတော် နိုဝင်ဘာတွင် ကျင်းပမည်

အိန္ဒိယက ပဲဝယ်ယူမှု ကန့်သတ်ထားချိန်တွင် ပဲစားသုံး မှု မြင့်တက်ရန် စစ်ကိုင်းတိုင်း ဒေသကြီး ပဲစားပွဲတော်ကို နိုဝင် ဘာ၌ ကျင်းပရန် စီစဉ်ထား ကြောင်း စားသုံးသူရေးရာဦးစီး ဌာန တိုင်းဦးစီးမှူး ဦးခင်ဇော်က ပြောသည်။

မုံရွာမြို့ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ဂေါပကအဖွဲ့ ရုံး အစည်းအဝေး ခန်းမတွင် အောက်တိုဘာ ၁၄ ရက်က မုံရွာ ကုန်စည်ဒိုင် တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံး သူရေးရာဦးစီးဌာန တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးပွဲ၌ ဦးခင် ဇော်က အထက်ပါအတိုင်း ပြော ကြားခြင်းဖြစ်သည်။

‘‘တိုင်းအဆင့် ပဲစားပွဲတော် ကို လာမယ့် နိုဝင်ဘာလထဲမှာ မုံရွာကုန်စည်ဒိုင်နဲ့ ပူးပေါင်းပြီး ကျင်းပမှာပါ။ ရောင်းချတဲ့ ကုန် သည်တွေပါမယ်။ ပဲကြိတ်ခွဲစက် လုပ်ငန်းရှင်တွေပါမယ်။ စိုက်ပျိုး တဲ့တောင်သူတွေပါမယ်။ အစိုးရ ဌာနတွေ ပူးပေါင်းကျင်းပဖို့ စီစဉ် ထားပါတယ်။ ပဲနဲ့ပြုလုပ်ထားတဲ့ ဟင်းတွေ၊ မုန့်တွေ၊ စားသောက် ဖွယ်ရာတွေ ပြုလုပ်ပြီး ကျွေးမွေး မှာပါ’’ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပဲ စားပွဲတော် ဖြစ်မြောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ တတိယပတ်တွင် ကျင်းပရန် စီစဉ်ထားပြီး ကုန်သည်၊ တောင် သူ၊ ဌာနနှင့် အစိုးရတို့ ပူးပေါင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဦးခင် ဇော်က ပြောသည်။

မုံရွာမြို့ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးက ‘‘စိုက် ပျိုးရေးတောင်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရဌာနက ကိုယ်စားလှယ် ၅၀ ခန့်က ပဲစား ပွဲတော် ဖြစ်မြောက်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးပြု လုပ်မှာပါ။ ပြည်ပက ကန့်သတ် ထားတဲ့ ပဲသုံးမျိုးဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စတဲ့ပဲတွေသာ မက ကုလားပဲကိုပါ ထည့်သွင်း မှာပါ။ ကဏ္ဍပေါင်းစုံက ပါဝင်လို့ ရမယ့် ပဲစားပွဲတော် ကျင်းပဖို့ စီစဉ်ထားပါတယ်’’ဟု ပြောသည်။

မုံရွာမြို့ ကောက်ပဲသီးနှံ ဈေးကွက်တွင် ယခင်နှစ်က ပဲစင်း ငုံတစ်တင်းလျှင် ကျပ် ၅၅,၀၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ နှင့် ပဲတီစိမ်းတစ်တင်း လျှင် ကျပ် ၄၀,၀၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်ပြီးနောက် အောက်တိုဘာဒုတိယပတ်တွင်  ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၁,၅၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၁၇,၀၀၀ နှင့်ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၂၇,၀၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့သဖြင့် ပြည်တွင်း ပဲစားသုံးမှု မြင့်တက်လာရေး ပဲစားပွဲတော်ကျင်းပရန် စီစဉ်ခြင်းဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ပြန်ကြားရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

Top News