အမေရိကန်ပညာရှင်တစ်ဦးက စစ်ကိုင်းတိုင်းရှိ ဖရဲ၊ သခွားမွှေးစိုက်သူများကို မန္တလေးတွင် ဆရာဖြစ်သင်တန်းပေးမည်

ချောင်းဦးမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနေသော သခွားမွှေးစိုက်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 စစ်ကိုင်းတိုင်းတွင် ဖရဲနှင့် သခွားမွှေးစိုက်တောင်သူများအ တွက် အပင်အာဟာရ၊ ဘက်စုံ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ ဆရာဖြစ်သင်တန်းကို မန္တလေးမြို့ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအစုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် က ပြောသည်။

အဆိုပါသင်တန်းကို အမေ ရိကန်နိုင်ငံမှ စိုက်ပျိုးရေးနည်းပ ညာရှင်တစ်ဦးက ပို့ချပြီး စစ်ကိုင်း တိုင်းရှိ ကသာ၊ ထီးချိုင့်၊ ကန့်ဘ လူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ အရာတော်၊ မြင်းမူ၊ ချောင်းဦးနှင့် စစ်ကိုင်းမြို့နယ်မှ ဖရဲနှင့် သခွားမွှေးစိုက်ပျိုးသူ ၄၀ ဦး တက်ရောက်ပြီး မန္တလေးမြို့ ၁၉ လမ်းရှိ ကမ္ဘာလုံးဓမ္မာရုံတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ သင်ကြားပေးမည် ဖြစ်ကြောင်း ဦးစိုးလွင်က ပြောသည်။

 ‘‘ဖရဲ၊ သခွားစိုက်ပျိုးရေး နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့် တင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်ဖြစ် ရေး၊ ပြည်ပပို့ကုန်အရည်အသွေး ကောင်းများ ပေါ်ထွန်းလာရေးနှင့် တရုတ်ဈေးကွက်သာမက နိုင်ငံ တကာဈေးကွက်တိုးချဲ့တင်ပို့နိုင် ဖို့ ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် တာဖြစ်ပါတယ်’’ဟု ဦးစိုးလွင်က ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့် ပန်းမန်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစောမြင့်က ‘‘ဆရာဖြစ်သင်တန်း တက်ရောက်ပြီးသူတစ်ဦးလျှင် တောင်သူ ၃၀ ဦး အနည်းဆုံးပြန် လည်ပို့ချရမှာဖြစ်ပါတယ်။ ဒေသ တွင်းစိုက်ပျိုးတဲ့ တောင်သူတွေကို အကြံဉာဏ်ပေးတာ၊ နည်းပညာ ဖြန့်ဝေတာတွေ ဆက်လက် ဆောင်ရွက်ရပါတယ်’’ဟု ပြော သည်။

အဆိုပါဆရာဖြစ်သင်တန်း ကို ၂၀၁၆ စက်တင်ဘာတွင် ပထမအကြိမ်အဖြစ် မုံရွာခရိုင် ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ၌ စစ်ကိုင်းတိုင်းမှ တောင်သူ ၃၀ ဦး အား သင်တန်းပို့ချခဲ့ကြောင်း ဦးစော မြင့်က ပြောသည်။

More in Regional Section