အားလပ်ရက်မှာ လည်ပတ်စရာ

ရွှေမြင်တင်တောင်တန်းဆီသို့ ပျော်ပျော်ပါးပါး သွားရအောင်
ဓာတ်ပုံ− မျိုးမင်းဦး

ဒီတစ်ပတ်အားလပ်ရက်မှာ အပန်းဖြေစရာကဏ္ဍကတော့ အ ညာဒေသရဲ့ အိုအေစစ်လို့ တင် စားရလောက်တဲ့ ရွှေမြင်တင် တောင်နဲ့ ကြာကန်ကြီးဆီညွှန်းဆိုပါရစေ။

မုံရွာမြို့နယ်အတွင်းက ကြာ မျိုးငါးပါး ပွင့်လန်းနေတဲ့ ရေကန် ကြီးနဲ့အတူ သဘာဝတောတောင် အလှကို ခံစားနိုင်မယ့် ရွှေမြင်တင် တောင်တန်းကြီး ဖြစ်ပါတယ်။

ရွှေမြင်တင်တောင်နဲ့ ကြာ ကန်ကြီးက မုံရွာမြို့ ခတ္တက္ကန် ကျေးရွာ မဟာဗောဓိတစ်ထောင် ကျောင်းတိုက်ရဲ့ တောင်ဘက်နှစ် မိုင်ခန့်အကွာ ဘန်စီကျေးရွာအနီး မှာ တည်ရှိပါတယ်။ မုံရွာ-မန္တ လေးကားလမ်းအတိုင်း ရွာသာ အေး လမ်းခွဲကတစ်ဆင့် လေးမိုင် ခန့် သွားရမှာဖြစ်ပြီး လမ်းတစ် လျှောက်မှာ အညာဒေသသဘာဝ ထန်းပင်များ၊ တမာပင်၊ ထနောင်း ပင်များနဲ့ ယာစိုက်ခင်းများကို ရှု စားရမှာပါ။

ရွှေမြင်တင် ရေကန်ကြီးရဲ့ အကျယ်ကတော့ ၁၀ ဧကနီးပါး ကျယ်ဝန်းပြီး ပဒုမ္မာကြာ၊ ကြာဖြူ၊ ကြာပြာ၊ ကြာဝါ၊ ကြာနီစတဲ့ကြာ မျိုးငါးပါး ပွင့်လန်းလေ့ရှိပါတယ်။ ကြာကန်ကြီးရဲ့ အလယ်မှာတော့ စေတီတော်တစ်ဆူ တည်ထားကိုး ကွယ်ထားပါတယ်။ ကြာကန်ကြီး ရဲ့  ဘေးပတ်လမ်းရှိပြီး ရွှေမြင် တင်တောင်ခြေမှာတော့ နတ်ကွန်း တွေနဲ့ ခရီးသည်များ တည်းခိုနိုင် တဲ့ ဇရပ်များရှိပါတယ်။

ရွှေမြင်တင်တောင်ပေါ်သို့ စောင်းတန်း  လှေကားအတိုင်း  နာရီဝက်ခန့် တက်ရောက်ရပြီး ဆိုင်ကယ်၊ ကားတို့နဲ့ ကွန်ကရစ်လမ်းကလေးအတိုင်း တက် ရောက်မယ်ဆိုရင် ဆယ်မိနစ်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။ မတ် စောက်သော၊ တောင်တက်တောင် ဆင်း အကွေ့အကောက်များ သော လမ်းဖြစ်လို့ ယာဉ်မောင်း တွေ အထူးသတိပြု မောင်းနှင်ရ ပါမယ်။

ရွှေမြင်တင်တောင်ထိပ်ဖျား မှာ ရွှေမုဋ္ဌောစေတီ  တည်ရှိပြီး စေတီတော်ကနေ တောင်ကုန်း တောင်တန်းများ၊ မြေပြန့်စိုက် ကွင်းများကို အပေါ်က ရှုမြင်နိုင် မှာဖြစ်ပါတယ်။  တောင်တက် လမ်းတစ်လျှောက် စေတီအဆူ ပေါင်း ၂၀ ကျော်နဲ့ ခရီးသည်များ နားနေနိုင်တဲ့ ဇရပ်အဆောက်အ အုံ ၃၀ ခန့်ရှိပါတယ်။ တချို့ဇရပ် အဆောက်အအုံတွေမှာ သီတင်း သုံးနေထိုင်တဲ့ ဆရာတော်၊ သံ ဃာတော် အပါး ၂၀ ကျော်ရှိပါ တယ်။ ဇရပ် အဆောက်အအုံ တိုင်းမှာ ခရီးသည်များ တည်းခို နေထိုင်ပြီး ချက်ပြုတ်စားသောက် လို့ ရပါတယ်။

ရွှေမြင်တင်ကြာကန်ကြီးကို တော့ အနီးပတ်ဝန်းကျင်ကျေးရွာ များက သောက်သုံးရေကန်အဖြစ် သတ်မှတ်ထားတဲ့အတွက် ရေချိုး လို့မရပါဘူး။ ရွှေမြင်တင်ကြာကန်ကြီးရဲ့ အောက်ဘက်က ကြာကန် ငယ်မှာ ဒေသခံများနဲ့ ခရီးသည် များ ရေချိုးနားနေနိုင်ပါတယ်။ ကြာကန်အတွင်းက ရောင်စုံကြာ ပန်းတွေခူးဆွတ်ချင်တယ်ဆိုရင် တော့ ဒေသခံတွေ အကူအညီ တောင်းပြီး ခူးဆွတ်ခိုင်းလို့ ရပါ တယ်။ ခရီးသည်များ ကြာပန်းခူး ဆွတ်ပါက ရေပြင်အတိမ်အနက် ကို မသိလို့ ရေနစ်သေဆုံးတာမျိုး တွေလည်း ရှိခဲ့ဖူးပါတယ်။

နှစ်စဉ် ဝါဆိုလပြည့်ကျော် ၅ ရက်မှာ ရွှေမြင်တင်တောင် ဘုရားပွဲတော် သံဃာ့ဒါန ဆွမ်း လောင်းပွဲကျင်းပချိန်မှာ နေ့ရော ညပါ ဘုရားဖူးများနဲ့ စည်ကား လေ့ရှိပါတယ်။ တန်ဆောင်မုန်း လ ကထိန်ပွဲတော်ရာသီမှာလည်း ရွှေမြင်တင်တောင်ပေါ်ရှိ ဘုန်း တော်ကြီးကျောင်းများမှာ က ထိန်ခင်းသူများနဲ့ စည်ကားလေ့ ရှိပါတယ်။ သင်္ကြန်ပွဲတော်ကာလ နဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက် တွေမှာ ရွှေမြင်တင်တောင်နဲ့ ကြာ ကန်ကြီးဆီ လာရောက်အပန်းဖြေ နားနေသူတွေလည်း ရှိပါတယ်။

ရွှေမြင်တင်တောင်ကို လာ ရောက်လည်ပတ်မယ်ဆိုရင် သတိ ပြုဆင်ခြင်ရမယ့် အချက်များရှိပါ တယ်။ ကြာကန်ကြီးပတ်လမ်းပေါ် မှာ အမဲသား စားသောက်ခြင်း၊ ယူဆောင်လာခြင်း ပြုလုပ်လို့မရ ပါဘူး။ အမဲသား စားသောက်တာ၊ ယူဆောင်လာတာကို တောစောင့် နတ်၊ တောင်စောင့်နတ်တွေက မ နှစ်သက်လို့ စားသုံးသူ၊ ယူဆောင် သူ အသက်သေဆုံးသည်အထိ အဖြစ်ဆိုးကြုံရတယ်လို့ ဒေသခံ များက အယူအဆရှိပါတယ်။

ရွှေမြင်တင်တောင်ပေါ်က သဘာဝအတိုင်း ပေါက်ရောက် တဲ့ သစ်ပင်များ ခုတ်လှဲခြင်း၊ သစ် ကိုင်းချိုးခြင်းနှင့်  ကျောက်တုံး ကျောက်ခဲများ ယူဆောင်ခြင်းတို့ ပြုလုပ်ပါက တောစောင့်နတ်၊ တောင်စောင့်နတ်များကို ခွင့်ပန် ပြီးမှ ယူဆောင်ရပါတယ်။ ခွင့်မပန် ဘဲ ယူဆောင်ပါက အကြောင်းအ မျိုးမျိုးနဲ့ ပြန်လည်ပို့ဆောင်ရတယ် လို့ ဒေသခံများ အယူအဆရှိပါ တယ်။ ထိုအယူအဆကြောင့်ပဲ ရွှေမြင်တင်တစ်ဝိုက် သစ်ပင်သစ် တော စိမ်းလန်းစွာ ရှိနေပါတယ်။

ရွှေမြင်တင်တောင်နှင့် ကြာ ကန်သို့ လာရောက်ပတ်သူများအ  နေနဲ့ အပန်းဖြေနားနေရင်း စား သောက်ရန် အစားအစာများ ယူ ဆောင်သွားဖို့ လိုပါတယ်။ အနီး ဝန်းကျင်မှာ စားသောက်ဆိုင် အလွယ်တကူမရှိပါဘူး။ အနီးဆုံး စားသောက်ဆိုင်များက ရွှေမြင်တင်တောင်နဲ့ နှစ်မိုင်ခန့်ကွာဝေးတဲ့ ဗောဓိတစ်ထောင် ကျောင်း တိုက်အနီးက စားသောက်ဆိုင် တန်းတွေမှာ သွားရောက် စား သောက်လို့ရပါတယ်။ အဲဒီဆိုင် တွေမှာ ကြက်သားကာလသား ချက် ကောင်းကောင်း အပါအဝင် အညာလက်ရာ ဟင်းမျိုးစုံမှာယူ စားသောက်နိုင်မှာပါ။

တစ်ချိန်က ကျန်စစ်သားမင်း ကြီးက  မြင်းပျောက်လို့ ရှာဖွေရာမှာ တောင်ကုန်းပေါ်တက်ပြီး ကြည့်ရှုရှာဖွေရာမှ မြင်းကိုပြန် လည်တွေ့မြင်သောကြောင့် ရွှေ မြင်းမြင်တောင်ဟု ခေါ်ဆိုခဲ့ပါ တယ်။ ခေတ်ကာလကြာညောင်း လာသည်နှင့်အမျှ ရွှေမြင်တင် တောင်လို့ ဒေသခံတွေက ခေါ်ဆို ခဲ့တာဖြစ်ပါတယ်။

ရွှေမြင်တင်တောင်နှင့် ကြာ ကန်သို့ လာရောက်လည်ပတ် အ နားယူသူများ အနေဖြင့် အပြန် လမ်းမှာ ဗောဓိတစ်ထောင်သာ သနာ့မြေရှိ လေးကျွန်းစကြာရပ် တော်မူဘုရား၊ ထိုင်တော်မူဗုဒ္ဓရုပ် ပွားတော်နှင့် ဘုရားအဆူဆူအား ဖူးမြော်ကြည်ညိုနိုင်ပါတယ်။ ဗော ဓိတစ်ထောင်ကျောင်းတိုက်အနီး  ဈေးဆိုင်တန်းများမှ ဒေသထွက် သနပ်ခါး၊ ကျောက်ပျဉ်၊ အမှတ် တရ အဝတ်အထည်များနဲ့ ဘုရား ပုံတော်များ ဝယ်ယူနိုင်ပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်အားလပ်ရက် မှာတော့ အညာမြေ မုံရွာမြို့ကို ရောက်ရှိတဲ့အခါဝင်ရောက်လည် ပတ်နိုင်ဖို့ ရွှေမြင်တင်တောင်နဲ့ ကြာကန်ကြီးဆီ လည်ပတ်ဖို့ညွှန်း ဆိုလိုက်ရပါတယ်။          ။