ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်

THE FOREIGNER

-ဒီတစ်ပတ် ပရိသတ်တွေအတွက် အောက်တိုဘာ ၁၃ ရက်မှာ ထွက်ရှိမယ့် The Foreigner ဆိုတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ် ကားကို ညွှန်းလိုက်ပါတယ်။

Casino Royale ဇာတ်ကား ရိုက်ကူးတဲ့ဒါရိုက်တာ မာတင်ကမ့် ဘဲလ်က ၁၉၉၂ က ထုတ်ဝေတဲ့ The Chinaman ဝတ္ထုကို အသက် သွင်းတင်ဆက်တာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေက ပရိသတ်အချစ်တော် ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်းနဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရာ့စ်ဘရော်စနန်တို့ဖြစ်တာ မို့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဂျက်ကီချန်း ကို လန်ဒန်မြို့ ချိုင်းနားတောင်း မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ရေတပ် စစ်မှုထမ်းဟောင်း မင် ကွမ်းအဖြစ် တွေ့ရမှာပါ။ ပီးရာ့စ် ဘရော်စနန်ကတော့ အိုင်းရစ် လက်နက်ကိုင်အဖွဲ့ (IRA)အဖွဲ့ ဝင်ဟောင်း ဗြိတိသျှအစိုးရအရာ ရှိ လီယမ်ဟန်နက်စီအဖြစ် သရုပ် ဆောင်ပါတယ်။

မင်ကွမ်းဟာ တစ်ဦးတည်းသော သမီးနဲ့အတူ လန်ဒန်က ချိုင်းနားတောင်းမှာ စားသောက် ဆိုင်လေးဖွင့်ပြီး ဘဝကို အေးအေး ချမ်းချမ်းနဲ့နေထိုင်ပေမယ့် သွေး ကြွေးဆပ်လက်တုံ့ပြန်ရမယ့် အ ဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်ရပါ တယ်။ အဲဒါကတော့ သားအဖ နှစ်ယောက်အပြင်သွားကြရင်း မြို့ထဲမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မင်ကွမ်းရဲ့ သမီး သေဆုံးခဲ့လို့ပဲ ဖြစ်ပါတယ်။

အဲဒါနဲ့ မင်ကွမ်းဟာ သူ့သမီးသေဆုံးတာနဲ့ပတ်သက်ပြီး ကျူး လွန်သူကို ဖော်ထုတ်နိုင်ဖို့ သက် ဆိုင်ရာတွေကို  တိုင်ကြားခဲ့ပါ တယ်။ တရုတ်လူမျိုးဖြစ်တဲ့ မင် ကွမ်းအဖို့ သူများနိုင်ငံမှာ ပြဿနာကြုံရတာမို့ ကူရာကယ်ရာမဲ့သလို ဖြစ်ခဲ့တဲ့အတွက် အစိုးရအရာရှိ လီယမ်ဟန်နက်စီကို အကူအညီ တောင်းပေမယ့် အခြေအနေက သိပ်မကောင်းပါဘူး။

အဲဒါနဲ့ သမီးအတွက် တရား မျှတမှုရဖို့  ကိုယ်တိုင်  စုံစမ်း ထောက်လှမ်းတဲ့အခါ အိုင်းရစ် လက်နက်ကိုင်အဖွဲ့ IRA က ကျူး လွန်တယ်လို့ ခြေရာခံမိခဲ့ပါတယ်။ တကယ်တော့ သူအကူအညီသွား တောင်းတဲ့ မစ္စတာ လီယမ်က လည်း IRA အဖွဲ့နဲ့အချိတ်အဆက် ရှိသူဖြစ်တာမို့ မင်ကွမ်းအတွက် အကူအညီမရဘဲ အန္တရာယ်သာ ပိုတိုးလာပါတယ်။

        ရိုးရိုးကုပ်ကုပ်နဲ့ ဘဝကိုဇာတ်မြှုပ်နေတဲ့ မင်ကွမ်းတစ်ယောက် အကြမ်းဖက်မှုတွေ ဖော်ထုတ်ဖို့ တစ်ကိုယ်တော်စစ်ဆင်ရေးလုပ်ဆောင်ပြီး အိုင်းရစ်အဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။  အင်အားကြီးလက်နက်ကိုင် အဖွဲ့ကို မင်ကွမ်း ဘယ်လိုချဉ်းကပ်တိုက်ခိုက်မှာလဲ။ နိုင်ငံခြားသား တစ်ယောက်ဖြစ်နေပေမယ့် တရားမျှတမှုအတွက် ရင်ဆိုင်တဲ့အကြောင်းကို အက်ရှင်အရသာအပြည့် ရှုစားရမှာမို့ ပရိသတ်ကြိုက်မှာ အသေအချာပါပဲ။          ။