ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ မြို့နယ်အချို့တွင် ပြုလုပ်

ရေစကြိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကိုကိုဦး)

 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲများကို အောက် တိုဘာ ၁၂ ရက်က မြို့နယ်အချို့တွင် ပြုလုပ်ခဲ့သည်။

မကွေးတိုင်း ရေစကြိုမြို့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအပြင် ဌာနဆိုင် ရာများ၊ နိုင်ငံရေးပါတီအချို့နှင့် စုစုပေါင်း အင်အားသုံးထောင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ၊ နိုင်ငံတော်အလံများကိုင်ဆောင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ချီတက်လမ်းလျှောက်၍ ထောက်ခံပွဲပြုလုပ်ခဲ့သည်။

‘‘အဓိကက ပြီးခဲ့တဲ့ ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ ရခိုင်အရေး နိုင်ငံတော်အခြေပြမိန့်ခွန်းကို ထောက်ခံတယ်ဆိုတာ ပြသတာ ဖြစ်တယ်’’ ဟု ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးအောင်က ပြောကြားသည်။

ထို့အပြင် ပဲခူးတိုင်းဒေသ ကြီး ကြို့ပင်ကောက်မြို့ ဘောလုံးကွင်းတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်ရေးနှင့်ပတ် သက်ပြီး အနောက်နိုင်ငံအချို့၏ ဖိအားပေးမှုများနှင့် ရင်ဆိုင် နေရသဖြင့် ၎င်း၏ မိန့်ခွန်းနှင့် ငြိမ်း ချမ်းရေးဆောင်ရွက်မှု၊ အကြမ်းဖက်မှုဆန့်ကျင်သည့် ဆောင်ရွက် မှုများကို ဒေသခံများက ထောက် ခံခြင်းဖြစ်ကြောင်း ကြို့ပင် ကောက်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင် မြင့်က ပြောသည်။

‘‘ပြည်သူလူထုက ထောက်ခံ တဲ့ပွဲပါ။ ပါတီအနေနဲ့က ၀န်းရံပေးတာပါ။ ရခိုင်အရေးမှာ ပြည်ပမီဒီယာတချို့ရဲ့ ဖော်ပြမှု အားနည်းချက်တွေလည်းရှိတယ်။ ဒေါ် အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတချို့ရဲ့ ဖိအားပေးမှုကို ခံနေရပေမယ့် သူ့ဘက်ကနေ တစ်ခဲနက်ရပ်တည်ကြောင်း ပြ တာပါ’’ဟု ၎င်းက ဆိုသည်။

အဆိုပါ ထောက်ခံပွဲသို့ ဒေသခံ ပြည်သူတစ်ထောင်ခန့် တက်ရောက်ခဲ့ပြီး ဆိုက်ကားအစီး ရေ သုံးဆယ်ခန့်ကလည်း ပါဝင် ချီတက်၍ ထောက်ခံခဲ့သည်။

‘‘ကျွန်တော်တို့က ဒီချုပ်ပါတီ အောင်နိုင်ရေးတုန်းကလည်း ၀န်း ရံခဲ့တယ်။ အခုအမေစုရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေမှာလည်း ထောက်ခံကြပါတယ်’’ ဟု ဆိုက်ကားဆရာတစ်ဦးက ပြောကြားသည်။

ထောက်ခံပွဲတွင် ဒေသခံ အငြိမ်းစား ပညာရေးဝန်ထမ်း နှစ်ဦး၊  စာရေးဆရာ ထင်လင်းဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သတင်းနှင့် ပြန်ကြားရေးကော်မတီ (ဗဟို)မှ စာရေးဆရာမုံရွာအောင်ရှင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဟောပြောခဲ့သည်။

More in Regional Section