ယူအီးအက်ဖ်အေလိဂ် ပြိုင်ပွဲသစ် အုပ်စုစာရင်းထွက်ပေါ်

၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲများ ပြီးဆုံးပြီးနောက် UEFA Nations League ပြိုင်ပွဲ သစ်အုပ်စုစာရင်း ထွက်ပေါ်လာ ပြီဖြစ်သည်။

ယင်းပွဲစဉ်များကို ၂၀၁၈ စက်တင်ဘာမှ ၂၀၁၉ ဇွန်လအ ထိ ကျင်းပမည်ဖြစ်ပြီး လိဂ် (A)၊ (B)၊ (C)၊ (D) ခွဲ၍ ယှဉ်ပြိုင်မည်ဖြစ် သည်။

လိဂ် (A)တွင် ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ နယ်သာလန်တို့ အပါအဝင် ထိပ်တန်း အဆင့်သတ်မှတ်ခံရသော အ သင်း ၁၂ သင်းပါဝင်မည်ဖြစ် သည်။

လိဂ် (B)တွင် သြစတြီးယား၊ ဝေးလ်စ်၊ ရုရှားစသော အသင်း ၁၂ သင်း ပါဝင်ကာ လိဂ် (C)တွင် ဘူလ်ဂေးရီးယား၊ နော်ဝေး၊ ဂရိ စသော အသင်း ၁၅ သင်းပါဝင်ယှဉ် ပြိုင်မည်ဖြစ်သည်။

လိဂ် (D)တွင် အသင်းငယ် များဖြစ်သော အဇာဘိုင်ဂျန်၊ မက်ဆီဒိုးနီးယား၊ မယ်လ်တာ၊ ကိုဆိုဗိုစသော အသင်းများ ပါ ဝင်မည်ဖြစ်သည်။

အုပ်စု (A)အသင်း ၁၂ သင်း ကို အုပ်စု လေးစုခွဲပြီး အုပ်စု ဗိုလ်လေးသင်း ဗိုလ်လုမည်ဖြစ် ကာ အုပ်စုအောက်ဆုံးလေးသင်းသည် လိဂ် (B)သို့ တန်းဆင်းရ မည်ဖြစ်သည်။ လိဂ် (B) ထိပ်ဆုံး လေးသင်းသည် လိဂ် (A)သို့ တန်းတက်ခွင့်ရမည်ဖြစ်သည်။

ယခုပြိုင်ပွဲကို နိုင်ငံတကာ အသင်းများ ခြေစမ်းပွဲယှဉ်ပြိုင် ခြင်းထက် ပိုမိုအကျိုးရှိစေရန် ယူအီးအက်ဖ်အေက စီစဉ်ကျင်းပ ခြင်းဖြစ်သည်။

ယူအီးအက်ဖ်အေအဖွဲ့ဝင် ၅၅ နိုင်ငံကို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီး အဆင့်ရပ်တည်မှု အပေါ် မူတည်၍ လိဂ်လေးခုခွဲ ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး လိဂ်လေး ခုမှ ချန်ပီယံတစ်သင်းစီသည် ယူရို ၂၀၂၀ ပြိုင်ပွဲဝင်ခွင့်ရမည်ဖြစ် သည်။                 —Ref:Nefa