ရသပြည်ထောင်စုသစ် စာပေဟောပြောပွဲများ မြို့ငါးမြို့တွင် ကျင်းပမည်

ဖက်ဒရယ်ပြည်ထောင် စုသစ်ပေါ်ထွန်းရေး ရည်ရွယ် သည့် ရသပြည်ထောင်စုသစ်ဟု ခေါင်းစဉ်ပေးထားသော စာပေ ဟောပြောပွဲ၊ စကားဝိုင်းဆွေးနွေး ပွဲများကို မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည် မြို့ငါးမြို့ တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းစာပေဟောပြောပွဲများ ကို မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေးနှင့် မုံရွာမြို့များတွင် ယခု လ ၂၈ ရက်ကစတင်ကာ တစ်လ ခြားစီ  ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပမည့် PEN Myan-mar မှ ဦးမျိုးမြင့်ညိမ်းက ပြော သည်။ ‘‘အဓိကရည်ရွယ်ချက်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေးပါ။ ကျွန်တော်တို့နိုင်ငံမှာ (နောင်)ဘယ်သောအခါမှ အာဏာရှင်အစိုးရတစ်ရပ် မပေါ်ထွန်းရေးဆိုတာကလည်း လက်ရှိပြည်သူ့အစိုးရရဲ့ ရည်ရွယ် ချက်လည်း ဖြစ်ပါတယ်။ ပြည်သူလူထုလိုလားတဲ့ စနစ်တစ်ရပ်ပေါ်ထွန်းဖို့ဆိုရင် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက် ဖို့ လိုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သိထားသမျှကို လူထုကြားထဲ စိမ့်ဝင်ပျံ့နှံ့စေဖို့ ဒီအစီအစဉ်ကို လုပ်တာပါ’’ဟု ဦးမျိုးမြင့်ငြိမ်းက ပြောသည်။

အောက်တိုဘာ ၂၈ ရက် တွင် ပြုလုပ်မည့် စာပေဟောပြော ပွဲကို မန္တလေးမြို့ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၆ လမ်းကြားရှိ ခရစ် ယာန်ဘုရားကျောင်းတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အော်ပီကျယ်၊ ညီပုလေး၊ ဦးမျိုးမြင့်ငြိမ်း၊ ငြိမ်း မင်း၊ ရွှေနောင်ရိုး၊ ဦးစိုင်းကျော် ညွန့်၊ ကိုဂျင်မီ၊ ဒေါ်ခင်မမမျိုး၊ ဒေါ်ခင်သန္တာ စသည့်စာရေးဆရာ၊ကာတွန်းဆရာ၊ နိုင်ငံရေးသမား များ ပါဝင်မည်ဖြစ်သည်။

More in Regional Section