NCA ၂ နှစ်ပြည့် အခမ်းအနားသို့ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားမည်

သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထား
ယမန်နှစ်ကပြုလုပ်ခဲ့သော NCA ၁နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာသူများ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ NCA မထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံး ကို ဖိတ်ကြားရန်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပအိုဝ်း အဖွဲ့ (PNLO)ခေါင်းဆောင် ဗိုလ် မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA ၂ နှစ်ပြည့် အခမ်းအနားကျင်းပရေးနှင့်ပတ် သက်၍ NCA လက်မှတ်ထိုးရှစ်ဖွဲ့ မှ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်၌ အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းခဲ့ သည်။

ထိုသို့ ဆွေးနွေးရာတွင် အ ပစ်မရပ်ရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း ၎င်းက ပြောသည်။

နှစ်ပတ်လည်ကို အကြောင်း ပြုပြီး နှစ်ဖက်တွေ့ဆုံနိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင် မြင်ရေး အထောက်အကူဖြစ်စေ ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် အဆိုပါအခမ်း အနားသို့တက်ရောက်ရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့က  နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို နေပြည်တော်သို့ သွားရောက်ဖိတ် ကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

‘‘နိုင်ငံတော်အစိုးရက ဖိတ် ခေါ်တဲ့စာရင်းမှာတော့ ပါပြီးသား ပါ။ သို့သော် ဒီကျင်းပရေးကော်မ တီက ဖိတ်တာတစ်ခုပေါ့။ ကျွန် တော်တို့ တိုင်းရင်းသားခေါင်း ဆောင်တွေကလည်း ဖိတ်ပါ တယ်ဆိုတာ ထပ်ဆင့်ပြီးတော့ ဖိတ်လိုက်တဲ့သဘောပါ’’ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့်နှစ် NCA တစ်နှစ် ပြည့်အခမ်းအနားသို့ အပစ်ရပ် လက်မှတ်မထိုးရသေးသော အဖွဲ့ များအား ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိပေ။

သမ္မတဟောင်း ဦးသိန်းစိန် အနေဖြင့် နှစ်ပတ်လည်အခမ်းအ နားသို့ တက်ရောက်၊ မတက်ရောက် ချက်ချင်း အဖြေမပေးခဲ့ ဟု ၎င်းက ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သော်လည်း ခရီးလွန်နေသဖြင့် တက်ရောက်နိုင် ခြင်းမရှိခဲ့ပေ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေပြု ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က NCA ၂ နှစ်ပြည့် အခမ်းအနားသို့ တက်၊ မတက် လတ်တလော မသိရသေးဟု ပြောသည်။

‘‘ဖိတ်ကြားလာခဲ့ရင် ကျွန် တော်တို့ အဖွဲ့အတွင်းမှာ ပြန်ဆွေးနွေးရမှာပေါ့’’ဟု ၎င်းက ဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ (DPN) တို့သည် NCA လက်မှတ်ထိုးနိုင်ရေးညှိနှိုင်းနေရာ တစ်နှစ်ခွဲရှိပြီဖြစ်သော်လည်း မ ပြေလည်သေး၍ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တိုဘာအတွင်း ကျင်းပရန် စီစဉ်ထား သည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ရခိုင် ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် နုတ်ထွက်ခွင့်တောင်းထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဖြစ်သည်။ SSPP သည် UNFC မှ နုတ်ထွက်ပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့၏ စုဖွဲ့မှုတွင်ပါဝင်ထားသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့တွင် ပါဝင်သည့် တအာင်း အဖွဲ့ (TNLA) ဒုဥက္ကဋ္ဌ တာဂျုတ် ဂျားက ‘‘ဖိတ်ကြားတာကတော့ ဒါသဘောထားကြီးပြတဲ့အနေနဲ့ ဒါကိုတော့ ကြိုဆိုပါတယ်။ သွား မယ်၊ မသွားဘူးဆိုတာကတော့ အဖွဲ့ကနေ တိုင်ပင်ဆွေးနွေးပြီး ထွက်လာတဲ့အဖြေရလဒ်အပေါ် ဆုံးဖြတ်ရမှာကိုး’’ဟု ပြောသည်။ NCA နှစ်ပတ်လည်ပွဲကျင်းပမည့် နေ့ နီးကပ်နေပြီဖြစ်၍ ဖိတ် ကြားလာသည့်တိုင် တက်ရောက်  နိုင်မည့်အခြေအနေမရှိဟု ၎င်းက ဆိုသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ‘၀’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အ ဖွဲ့ (AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ဖြစ်ပြီး ယင်းအဖွဲ့ များသည် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် ရှစ်ဖွဲ့သည် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

More in News Section