တာဝန်ယူချိန်ကစ၍ လုပ်ဆောင်ချက်များအပေါ် အားရကျေနပ်ကြောင်း ကျန်းမာရေးဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး စက်တင်ဘာ၂၅ရက်က မီဒီယာများအား ဖြေကြားနေစဉ် (ဓာတ်ပုံ−ရဲနိုင်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးအဖြစ် တာဝန် စတင်ယူချိန်မှ လက်ရှိအချိန်ထိ ၎င်းအနေဖြင့် ဆောင်ရွက်ခဲ့သည် များအပေါ် အားရကျေနပ်မှုရှိ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပြော ကြားသည်။

‘‘ရှိသင့်တဲ့ နေရာမှာတော့ အားရကျေနပ်မှုရှိပါတယ်။  လို အပ်ချက်ကလေးတွေ ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရအား ကစားသမားများအား စက်တင် ဘာ ၂၅ ရက်ကဂုဏ်ပြုချီးမြှင့်ပွဲ ၌ ကျန်းမာရေးနှင့် အားကစားဝန် ကြီး ဒေါက်တာမြင့်ထွေးကို ပြည် ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူ ချိန်ကစ၍ မိမိလုပ်ဆောင်ချက် များ   အားရကျေနပ်မှု   ရှိ၊မရှိ 7Day Daily သတင်းစာက မေး မြန်းခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ကို နိုင်နင်းစွာ ဆောင်ရွက် နိုင်ခြင်း မရှိသော ဝန်ကြီးနှင့်ဝန် ကြီးချုပ်များကို ပြောင်းသင့်ပါက ပြောင်းလဲမည်ဟု ပြောကြားထား သည်။

ဆောင်ရွက်ရန် လုပ်ငန်းစဉ် များ အများကြီးကျန်ရှိနေသေးပြီး လက်ရှိအချိန်ထိ ဆောင်ရွက်ချက် များအပေါ် အားရမှုရှိပြီးဆက် လက် လုပ်ဆောင်နေကြောင်း ဒေါက်တာမြင့်ထွေးက ပြော သည်။

သို့သော် အားရကျေနပ်မှုရှိ သည့် အသေးစိတ်အကြောင်းအ ရာကိုမူ အချိန်မရ၍ မေးမြန်းခွင့် မရခဲ့ပေ။

အလားတူ မေးခွန်းကို ပညာ ရေးဝန်ကြီး     ဒေါက်တာမျိုးသိမ်း ကြီးအား ဆက်လက်မေးမြန်း ရာ ‘‘အဲဒါက အချိန်က စကားပြော သွားလိမ့်မယ်’’ ဟု ပြန်လည် ဖြေ ကြားသည်။

ဒီချုပ်အစိုးရလက်ထက် ၁၈ လအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး တစ်ဦး၊ ဒုတိယဝန်ကြီးတစ်ဦးနှင့် ဝန်ကြီးချုပ်တစ်ဦးတို့ ရာထူးမှ အ နားယူခွင့်ပြုခဲ့သည်။

၂၀၁၆ နှစ်ကုန်တွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာထွန်းဝင်းကို တာဝန်မှရပ်စဲ ခြင်းသည် ဒီချုပ်အစိုးရလက် ထက် ပထမဆုံးအပြောင်းအလဲ ဖြစ်ပြီး အဆိုပါတာဝန်ရပ်စဲမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့ သည်။