ပြည်တွင်းစက်သုံးဆီဈေး ၂ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

 ပြည်တွင်းစက်သုံးဆီ ဈေး ဆက်တက်နေပြီး ၂ နှစ်အ တွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ လာသည်။


ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည် ယခုနှစ် စက်တင် ဘာ ၂၄ ရက်၌ အောက်တိန်း-92 တစ်ဂါလန်လျှင် ကျပ် ၃,၂၆၀ ခန့်၊ အောက်တိန်း-95 တစ်ဂါ လန်လျှင် ကျပ် ၃,၄၂၀ ခန့်၊ ဒီ ဇယ်တစ်ဂါလန်လျှင် ၃,၂၀၀ ကျပ် ခန့်နှင့် အဆင့်မြင့်ဒီဇယ်တစ်ဂါ လန်လျှင် ကျပ် ၃,၂၉၀ ခန့် ရောင်းချနေသည်။

အဆိုပါ ဈေးနှုန်းသည် ၂၀၁၅စက်တင်ဘာ ၂၄ ရက်က အမြင့် ဆုံးဖြစ်ပေါ်ခဲ့သည့်နှုန်းထက် တစ် ဂါလန်လျှင် ကျပ် ၆၀၀ ခန့်စီများ ကြောင်း စက်သုံးဆီဈေးကွက် မှတ်တမ်းများတွင် တွေ့ရသည်။

သို့သော် ၂၀၁၄ က ဖြစ်ပေါ်ခဲ့သည့် နှုန်းထားနှင့် နှိုင်းယှဉ်ပါက တစ်ဂါလန်လျှင် ကျပ် ၁,၀၀၀ ခန့် လျော့နည်းနေသေးကြောင်း မှတ် တမ်းများအရ သိရသည်။

ထို့အပြင် ယခုနှစ် ဖေဖော် ဝါရီအတွင်း ဖြစ်ပေါ်ခဲ့သော အ မြင့်ဆုံးစက်သုံးဆီဈေးနှုန်းထက် လည်း တစ်ဂါလန်လျှင် ကျပ် ၇၀ခန့်စီ ပိုများသည်။

‘‘အမေရိကန်မှာ မုန်တိုင်း ဝင်တဲ့ဖြစ်စဉ်ကို အခြေခံပြီးတော့ ကမ္ဘာ့ရေနံစိမ်းဈေးတွေတက်ကုန် တယ်။ မြန်မာနိုင်ငံက အဲဒီရိုက် ခတ်မှုကို ကြုံလာတဲ့သဘောပဲ။ ကမ္ဘာ့ဈေးကိုက မငြိမ်တဲ့အတွက် ပြည်တွင်းဈေးက တက်နေနိုင် သေးတယ်’’ဟု စက်သုံးဆီရောင်း ဝယ်ရေး ဈေးကွက်ကျွမ်းကျင်သူ ဦးကျော်လင်းက ပြောသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ဖေဖော်ဝါရီက အမြင့် ဆုံးရောက်ခဲ့ပြီးနောက် တဖြည်း ဖြည်းပြန်ကျပြီး ဇွန်လဆန်းကစ၍ ပြန်လည်မြင့်တက်လာသည်။

ကမ္ဘာ့ဈေးကွက်တွင် ဖေဖော်ဝါရီက ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၅၀ ခန့် ရှိခဲ့ရာမှ ယခု အခါ ၅၇ ဒေါ်လာအထိ မြင့်တက် လာသည်။

မြန်မာနိုင်ငံသည် စက်သုံး ဆီကို စင်ကာပူဈေးကွက်မှ အဓိ ကတင်သွင်းခြင်းဖြစ်ပြီး တစ်လ လျှင် ဂါလန်ခြောက်သိန်းခန့်  တင်သွင်းနေသည်။

More in Business Section