တောင်ကြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုသည့်အကြောင်း မေးမြန်းသော်လည်း အဖြေမရခဲ့ဟု RCSS ဥက္ကဋ္ဌပြော

မီဒီယာများအား တွေ့ဆုံရှင်းလင်းနေသော RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရှမ်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို တောင်ကြီးမြို့တွင် ပြုလုပ်ခွင့် ရှိ၊ မရှိ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်တာဝန်ရှိသူ များနှင့်တွေ့ဆုံစဉ် မေးမြန်းတင် ပြခဲ့သော်လည်း တိကျသည့်အဖြေမရခဲ့ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက် ဆစ်က စက်တင်ဘာ ၁၅ ရက်တွင်ပြောသည်။ 


RCSS/SSA ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီးယွက်ဆစ်သည် စက် တင်ဘာ ၁၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့နှင့် သီး ခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များတည်ရှိရာ ဒေ သတွင် ကျင်းပနိုင်သည်ဟု သတ် မှတ်ထားသော်လည်း RCSS နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)တို့သည် အစိုးရ၊ တပ်မ တော်နှင့် ညှိနှိုင်းမှုမပြေလည်သေး ၍ ယင်းဆွေးနွေးပွဲများ ကျင်းပနိုင် ခြင်းမရှိသေးပေ။ 

RCSS အနေဖြင့် တောင်ကြီးမြို့တွင် ပြုလုပ်ခွင့်ပြုရန် တောင်း ဆိုထားသော်လည်း တပ်မတော် နှင့် အစိုးရဘက်က လင်းခေးနှင့် မိုင်းပန်မြို့တို့တွင်သာ ပြုလုပ်ရန် ခွင့်ပြုထားကြောင်း RCSS ဥက္ကဋ္ဌ က ပြောသည်။ 

‘‘ဒီမြို့နယ်နှစ်ခုမှာကတော့ ဒေသခံတွေ သွားရလာရခက်ခဲတဲ့ နေရာဖြစ်ပါတယ်။ နေရထိုင်ရ တာလည်း အခက်အခဲဖြစ်တယ်။ အမှန်မှာကတော့ နိုင်ငံရေးဆွေး နွေးပွဲဆိုတာကတော့ ပြည်သူလူ ထုနဲ့တွေ့ဆုံတာဖြစ်တဲ့အတွက် ပြည်သူတွေကို အခက်အခဲမဖြစ် စေချင်ပါဘူး။ တောင်ကြီးမှာဘာ ကြောင့် လုပ်ခွင့်မရှိတာလဲ။ လုပ် ခွင့်မပြုတာလဲဆိုတာကို မေးခဲ့ပါတယ်။ ဒါပေမဲ့ပြည့်ဝတဲ့အကြောင်း ပြချက်တော့ မရရှိသေးပါဘူး’’ဟု ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၅ရက်က RCSS ဥက္ကဋ္ဌကပြော သည်။

‘‘ကျွန်တော်တို့အနေနဲ့တော့ ကျွန်တော်တို့လိုလားတဲ့၊ လုပ်ချင် တဲ့နေရာမှာ လုပ်ခွင့်ရမယ်ဆိုရင် တော့ အဆင်သင့်ဖြစ်ပြီးသားပါ’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ယခုနှစ်နိုဝင်ဘာအတွင်း ကျင်း ပရန် လျာထားကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ 

RCSS အနေဖြင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်း ပရန် အဆင်သင့်ရှိသော်လည်း ၎င်းတို့ကျင်းပလိုသည့် တောင်ကြီး (သို့မဟုတ်)ပင်လုံမြို့တွင် ကျင်းပခွင့်မရ၍ မေလက နေပြည်တော် ၌ ပြုလုပ်သော ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင် ခြင်းဖြစ်သည်။ ALP သည်လည်းရခိုင်ဒေသ အခြေအနေများ ကြောင့် အဆင်သင့်မဖြစ်၍ဟုဆို ကာ ကျင်းပခွင့်မရသေးပေ။