ကုလသမဂ္ဂတွင် ကမ္ဘာ့ခေါင်းဆောင်များ မြောက်ကိုရီးယားအရေးနှင့် မြန်မာအရေး အဓိကဆွေးနွေးမည်

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေစဉ်(MARY ALTAFFER/AP)

 စက်တင်ဘာ ၁၈ ရက် (ယနေ့) စတင်သည့် ကုလ သမဂ္ဂ  အထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ နျူကလီး ယားခြိမ်းခြောက်မှုအရှိန်မြင့်လာ ခြင်းနှင့် အတူ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးကိစ္စတို့ကို အဓိ ကထားဆွေးနွေးမည်ဖြစ်သည်။

ယခုညီလာခံသို့ ပထမဆုံး တက်ရောက်မည့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် ပြင်သစ် သမ္မတမက်ကရွန်တို့အပါအဝင် ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင် များသည် အကြမ်းဖက်ဝါဒပျံ့နှံ့မှု နှင့် ရာသီဥတုပြောင်းလဲမှုတို့အ ပြင် အခြားသော နိုင်ငံတကာရေး ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။


ကိုးနှစ်အတွင်း မြန်မာနိုင်ငံ နှင့် ပတ်သက်သော ပထမဆုံး ကြေညာချက်တွင် လုံခြုံရေး ကောင်စီက ပြီးခဲ့သည့်သီတင်း သုံးပတ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီလေးသိန်းခန့် ထွက်ပြေးခဲ့ရသော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်မှုများ ရပ်တန့်ရေးချက်ချင်းအရေးယူဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆန်သည် ယင်းပြဿနာနှင့် ပတ်သက်ပြီး စက်တင် ဘာ ၁၈ ရက်တွင် တံခါးပိတ် အစည်းအဝေးတစ်ရပ်ကို ဦး ဆောင်ကျင်းပမည့်ဖြစ်ကာ အစ္စ လာမ်မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC)၏ အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို စက်တင် ဘာ ၁၉ ရက်၌ ကျင်းပမည်ဖြစ် သည်။

စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာသည် အထွေထွေညီ လာခံသို့ တက်ရောက်ရန် စီစဉ်ထားပြီး ၎င်းတို့ နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂါလီဒုက္ခသည်များ နှင့် ပတ်သက်၍ အဓိကတင်ပြ ဆွေးနွေးမည်ဟု မျှော်လင့်ရ သည်။

‘‘ကျွန်မတို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အလိုရှိပါတယ်။ ဒါပေမဲ့ မတရား မှုမှန်သမျှကိုတော့ ကျွန်မတို့ သည်းမခံနိုင်ဘူး။ လက်မခံနိုင်ပါ ဘူး’’ဟု မစ္စစ်ဟာဆီနာက ဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်ဦး ဆောင်သော ကမ္ဘာ့ခေါင်းဆောင် များသည် မြောက်ကိုရီးယား၏ နျူကလီးယားအန္တရာယ်ကို နံပါတ် (၁)ကိစ္စအဖြစ် ဆွေးနွေးမည်ဖြစ် ပြီး ရခိုင်ပြည်နယ်အရေးသည် အလေးထားဆွေးနွေးမည့်ကိစ္စ များအနက် တစ်ခုပါဝင်နေသည်။

ထို့အပြင် ကမ္ဘာ့ခေါင်း ဆောင်များသည် ပါရီရာသီဥတု သဘောတူညီမှုကို အကောင်အ ထည်ဖော်ရေး၊ အင်တာနက်အ သုံးပြု၍ အကြမ်းဖက်တိုက်ခိုက် မှုကို ကာကွယ်ရေး၊ ကမ္ဘာ့ဆင်းရဲ မွဲတေမှုအဆုံးသတ်ရေး၊ အမျိုး သမီးများ စီးပွားရေးတွင် လွတ် လပ်စွာ ပါဝင်နိုင်ရေး၊ ရွှေ့ပြောင်း နေထိုင်မှုနှင့် ပဋိပက္ခကာကွယ် ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။

ထို့အပြင် ကုလသမဂ္ဂပြုပြင် ပြောင်းလဲရေး ကြေညာချက်တစ် ရပ်ကို နိုင်ငံအားလုံးလက်မှတ် ထိုးကြရန် အမေရိကန်က တိုက် တွန်းထားပြီး ယင်းကိစ္စနှင့် ပတ် သက်၍ ဂူတာရက်စ်နှင့် ထရန့်တို့က ဆွေးနွေးတင်ပြမည် ဖြစ်သည်။

အင်္ဂါနေ့တွင် တရားဝင် စတင်ပြီး စက်တင်ဘာ ၂၅ ရက် ၌ အဆုံးသတ်မည့် အထွေထွေ ညီလာခံဝန်ကြီးပိုင်း အစည်းအ ဝေးနှင့် ပတ်သက်သော အရေးအ ကြီးဆုံးအချက်သည် ခေါင်းဆောင်များတစ်ဦးချင်း ဆွေးနွေး ခွင့်ရရှိခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျာမနီသံအမတ် ခရစ္စတိုက ပြောကြားသည်။

(၇၂)ကြိမ်မြောက် ကုလသ မဂ္ဂအထွေထွေညီလာခံသို့ တက် ရောက်ရန် ဒုတိယသမ္မတ (၂)ဦးဟင်နရီဗန်ထီးယူဦးဆောင် သော မြန်မာ့ကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၁၆ ရက်ညက စတင် ထွက်ခွာသွားပြီဖြစ်သည်။
ကိုးကား−အေပီ

Top News