ဘူးသီးတောင်၊ မောင်တောရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်ရန်စီစဉ်

မောင်တောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်ကံ)

ဘူးသီးတောင်မြို့ နယ် အမှတ် (၂) အခြေခံပညာအ ထက်တန်းကျောင်း ပြန်လည်ဖွင့် လှစ်ရန် ယင်းကျောင်းရှိ ဒုက္ခသည် များကို အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းသို့   ပြောင်းရွှေ့ခဲ့သည်။

ဘူးသီးတောင်မြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ဒုက္ခသည်၇၀၀ ခန့်ရှိ ပြီး စက်တင်ဘာ ၁၆ ရက်က ပြောင်းရွှေ့ခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများကို စက် တင်ဘာ ၁၂ ရက်က စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေးစိတ် ချရသည့် ကျောင်းများကို ဆက် တိုက် ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်။

အလားတူ မောင်တောမြို့ ပေါ်ရှိ ကျောင်းအချို့ကို စက်တင် ဘာ တတိယပတ်ကစတင်ကာ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ် နေပြီး လုံခြုံစိတ်ချရသည့် တိုင်း ရင်းသား ကျေးရွာများမှ ကျောင်း များကို ဆက်လက်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မောင်တောမြို့ နယ်ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

‘‘နေရပ်မစွန့်ခွာဘဲ ရှိနေတဲ့ နေရာတွေက ကလေးတွေပညာ ပြန်သင်ကြားဖို့အတွက် ကျောင်း တွေပြန်ဖွင့်ပေးတာတော့ ကောင်း ပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ပတ် သက်ပြီး စိုးရိမ်စိတ်က ရှိနေပါ သေးတယ်’’ ဟု မောင်တောမြို့ နယ်  အခြေခံပညာမူလတန်း (လွန်) ကျောင်းမှ ကျောင်းအုပ် ဆရာမတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က မောင်တောခရိုင်ရှိ ရဲစခန်းသုံး ဆယ်ကျော်ကို (ARSA) အကြမ်းဖက်သမားများက စီးနင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် အခြေခံပညာကျောင်း လေးရာကျော်  ပိတ်ထားခဲ့ရသည်။

အကြမ်းဖက် အန္တရာယ် စိုးရိမ်မှုကြောင့် သောင်းချီသော ဒေသခံ တိုင်းရင်းသားများသည် ဘေးလွတ်ရာနေရာများသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ပြီး ဒေသခံ လေး ထောင်ကျော်သည် ယခုအခါမိမိ နေရပ်များတွင် ပြန်လည်နေထိုင် နေကြသည်။

Top News