စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ်တို့ကို ဒေါ်အောင်ဆန်းစုကြည် သီးခြားစီလက်ခံတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း လှည့်လည်ကြည့်ရှုနေသော စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ် (ဓာတ်ပုံ − MOFA)

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Mr.Vivia Balakrishnan ကို နေ ပြည်တော်ရှိ နေအိမ်၌ စက်တင် ဘာ ၁၅ ရက်တွင် လက်ခံတွေ့ဆုံ ခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေး ရာကိစ္စရပ်များအပါအ၀င် ရခိုင် ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမေရိကန်လွှတ် တော် သုတေသနဌာန၊ အာရှရေး ရာကျွမ်းကျင်သူ Mr.Michael F. Martin နှင့် ဟောင်ကောင်အုပ် ချုပ်ရေးမှူးချုပ် Mrs.Carrie Lamဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ကို စက်တင်ဘာ ၁၅ ရက်တွင် သီးခြားစီလက်ခံတွေ့ဆုံခဲ့ သည်။

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်များအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးထားသည်။ အဆိုပါတွေ့ဆုံမှုအများစုတွင် နိုင်ငံခြားရေးဒုဝန်ကြီးဦးကျော်တင်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့က လက်ခံတွေ့ ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်အခြေပြု မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအား ဖိတ်ခေါ်ထားသည်။

ဟောင်ကောင်အုပ်ချုပ်ရေး မှူးချုပ်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံငြိမ်းချမ်းရေးဆောင်ရွက်မှု အခြေအနေများ၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးစုအခြေအနေ များဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် ပညာရေး၊ ကျန်း မာရေး၊ ကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဟောင်ကောင်အုပ်ချုပ်ရေးမှူး ချုပ် Mrs.Carrie Lam က ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားတစ်ချပ်ကို ပေးအပ်ခဲ့သည်။