ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းကားအသစ်များ အောက်တိုဘာအတွင်း ပြေးဆွဲမည်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ရပ်နားထားသည့် ကျောင်းကားများကို သြဂုတ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသည့် ဟွန်ဒိုင်းကုမ္ပဏီထုတ် ကျောင်း ကား (School Bus) စီးရေ ၂၀၀ ကို ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အောက်တို ဘာအတွင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြော ကြားသည်။


ဗိုလ်တထောင်၊ လသာ၊ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ကမာရွတ်၊ ရန်ကင်း၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်း ကျွန်း၊ မင်္ဂလာဒုံမြို့နယ်တို့ရှိ အ ခြေခံပညာကျောင်း ၂၂ ကျောင်းအနက် ကျောင်းအချို့တွင် စတင်ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်သည်။

‘‘လောလောဆယ် ၂၂ ကျောင်းစလုံး မပေးနိုင်သေးဘူး။ ပေးလို့ရတဲ့ကျောင်းကို စပေးဖို့ တော့ အစီအစဉ်ဆွဲနေတယ်။ ဘယ်နှကျောင်းဖြစ်မလဲတော့ မသိသေးဘူး။ လေ့လာတုန်းပဲ။ အောက်တိုဘာထဲမှာ စနိုင်အောင် ကြိုးစားနေတယ်’’ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

ပြေးဆွဲမည့် လမ်းကြောင်းများ၊ ခရီးစဉ်အလိုက် နှုန်းထားများ သတ်မှတ်ပြီးပါက ပြည်သူသို့ အ သိပေးမည်ဖြစ်ပြီး ယခုပြေးဆွဲနေ သော ပုဂ္ဂလိကကျောင်းကားများ ကဲ့သို့ အိမ်ရှေ့အရောက်ခေါ် ဆောင်ပေးမည့်စနစ်မျိုး လုပ် ဆောင်ရန် ခက်ခဲခြင်းကြောင့် စု ရပ်တစ်ခုထားကာ ခေါ်ဆောင် ပေးမည့်စနစ် ကျင့်သုံးရန် စီစဉ် ထားကြောင်း ၎င်းကဆိုသည်။

‘‘ကျောင်းကားတွေ စပြေးဖို့ အစည်းအဝေးတော့ ပြီးခဲ့တဲ့ တစ် ပတ်က တစ်ကြိမ်ခေါ်ထားတယ်။ ဘယ်ကျောင်းတွေပါလဲတော့ သေချာမသိရသေးဘူး’’ဟု ရန် ကုန်တိုင်းဒေသကြီး ပညာရေးမှူး ရုံး လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

ကျောင်းကားစနစ် စနစ် တကျဆောင်ရွက်နိုင်ရန် အခြေခံ ပညာကျောင်းများနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ဆွေးနွေးရာ ကျောင်းကားစနစ် ကိုယ်တိုင် တည်ထောင်နိုင်သည့် အခွင့်အ ရေးကျောင်းများအား ပေးခဲ့သော် လည်း အခက်အခဲရှိခြင်းကြောင့် ယင်းစနစ်ကို Golden Hand (ရွှေ လက်) ကုမ္ပဏီက ထူထောင် ဆောင်ရွက်မည်ဟု တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်အတွင်း ကျင်းပသည့် ကျောင်းကားအသစ်များ လွှဲ ပြောင်းပွဲတွင် ပြောကြားခဲ့သည်။

မထသစနစ်ကို ဖျက်သိမ်း ရာမှရရှိသော ကျပ်ငါးဘီလီယံခန့် ဖြင့် ကျောင်းကားအသစ်များ ဝယ်ယူခဲ့ပြီး မီနီဘတ်စ်အမျိုးအစား ကျောင်းကားတစ်စီးကို ကန် ဒေါ်လာ ၃၆,၈၄၀ ဖြင့် ဝယ်ယူခဲ့ ကာ ပြင်ပပေါက်ဈေးထက် ကန် ဒေါ်လာ တစ်သောင်းခန့်ဈေးသက် သာကြောင်း ကားတစ်စီးလျှင် ကျောင်းသား၊ ကျောင်းသူ ၃၀ ခန့်စီးနင်းနိုင်ကြောင်း ဦးဖြိုးမင်းသိန်း က ဆိုသည်။

အစိုးရအနေဖြင့် ယခင် ကျောင်းကားများကို ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဆိုပါက ကျောင်း ကားအသစ်များ လုံလောက် အောင် ဖြည့်ဆည်းပေးရန်လိုအပ် ပြီး မိဘများ စိတ်ချယုံကြည်စေရန် ကားပေါ်တွင် အကူထားပေးသင့် ကြောင်း ကျောင်းသားမိဘများက ဆိုသည်။ ရန်ကုန်တစ်မြို့လုံးတွင် လက်ရှိပြေးဆွဲနေသည့် ကျောင်း ကားစီးရေ ၁,၀၀၀ ကျော်ရှိသည်။

Top News