ရခိုင်အရေးကြောင့် ကမ္ဘာကျော်ဒီဂျေအချို့ ရန်ကုန်တွင်ပြုလုပ်မည့် ဂီတပွဲတော်၌ ဖျော်ဖြေရန်ငြင်းဆန်

Monsoon Madness ဂီတပွဲတော်တွင်ပါဝင်မည့် ကမ္ဘာကျော် ဒီဂျေသမားအချို့ ရခိုင်ဒေသ၌ဖြစ်ပွားသည့်ကိစ္စများကို အကြောင်း ပြု၍ ပွဲကျင်းပမည့်ရက်ပိုင်းအလို၌ လာရောက်ဖျော်ဖြေရန် ငြင်း ပယ်ခဲ့ကြောင်း စီစဉ်သူက ပြောသည်။

‘‘ပိုက်ဆံတွေ အပြည့်ပေး ထားတဲ့ DJ တွေက Cancel လုပ် သွားတာပေါ့။ သူတို့ Cancel လုပ် သွားတဲ့ အကြောင်းရင်းက နိုင်ငံ ရေးကို အကြောင်းပြုသွားတာ ပေါ့။ လူ့အခွင့်အရေးတို့၊ မြန်မာ နိုင်ငံမှာ ဖြစ်နေတာတွေကို အ ကြောင်းပြုပြီး Cancel လုပ်သွား တာ’’ဟု ပွဲစီစဉ်သူက ပြောသည်။

Monsoon Madness ဂီတ ပွဲတော်ကို စက်တင်ဘာ ၂၃ ရက် တွင် သုဝဏ္ဏမိုးလုံလေလုံအား ကစားရုံ၌ ပြုလုပ်ရန် စီစဉ်ထားပြီး Hardliners များအဖြစ် ပါဝင်မည့် ကမ္ဘာကျော် ဒီဂျေများဖြစ်သော နယ်သာလန်နိုင်ငံသား Oliver Heldnes၊ ဆွီဒင်နိုင်ငံသားများဖြစ် သည့် Axwell နှင့် Ingrosso၊ တူရကီနိုင်ငံသား Ummet Ozcanနှင့် Supporting Artist အဖြစ် ပါဝင်မည့် အမေရိကန် ဟစ် ဟော့ပ်နှင့် အီလက်ထရွန်နစ်ဂီတ အဖွဲ့တစ်ဖွဲ့တို့က ယင်းဖျော် ဖြေပွဲပြုလုပ်ရန် ရက်ပိုင်းအလို၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ကိစ္စများကိုအကြောင်းပြု၍ လာ ရောက်ဖျော်ဖြေရန် ငြင်းဆိုခြင်း ဖြစ်သည်။

ထို့ကြောင့် ယင်းအနုပညာ ရှင်များနေရာတွင် အနုပညာရှင် ငါးဦး ပြန်လည်အစားထိုး၍ ယခင်ပွဲကျင်းပရန် စီစဉ်ထားသည့်အ တိုင်း ပြုလုပ်မည်ဟု ၎င်းက ဆို သည်။ အဆိုပါ အနုပညာရှင်ငါး ဦးသည် ကမ္ဘာ့အကောင်းဆုံး ဒီဂျေစာရင်းဝင်များဖြစ်သည့် ဒီဂျေ Dannic၊ ဒီဂျေ Dyro၊ MO Ti ၊ Stadiumx နှင့် Swanky Tunes အဖွဲ့တို့ဖြစ်သည်။

‘‘အမှန်အတိုင်း ပြောရရင် ပွဲရဲ့အရည်အသွေးက ဘာမှ ပြောင်းလဲမှုမရှိပါဘူး။ ထပ်ဖြည့် လိုက်တဲ့သူတွေကိုလည်း တချို့ လူတွေက ပိုကြိုက်တဲ့သူတွေ လည်း ရှိပါတယ်။ နဂိုလူတွေနဲ့ တော့ မဟုတ်ဘူး။ ဒါပေမဲ့ Local တွေနဲ့ပဲ ပြီးသွားတဲ့ပုံစံတော့ မဟုတ်ပါဘူး’’ဟု ပွဲစီစဉ်သူက ပြောသည်။

ဖျော်ဖြေပွဲလက်မှတ်ခများ ကို ထက်ဝက်လျှော့ချခဲ့ပြီး ယခင်လက်မှတ်တစ်စောင် ဝယ်ယူထား သူများကို လက်မှတ်တစ်စောင် ထပ်မံထုတ်ပေးမည်ဖြစ်သည်။ လက်မှတ်ဖိုးပြန်လိုချင် သူများ အတွက်လည်း လက်ရှိအချိန်တွင် မစီစဉ်ပေးနိုင်သေးသော်လည်း ပွဲကျင်းပပြီးချိန်၌ စီစဉ်ပေးမည်ဟု ၎င်းက ဆိုသည်။

‘‘အရင်ထက် ပိုပြီးလာစေ ချင်တယ်။ ကျွန်တော်တို့က ကမ္ဘာ ကို ဒီလူတွေ လာလာ၊ မလာလာ ဘယ်လိုပဲနှိမ်နှိမ် ဆက်လက်ပြီး တော့ လုပ်နိုင်တယ်ဆိုတာကို ပြချင်တာ။ ဒါကြောင့်လည်း ကျွန် တော်ကိုယ်တိုင် ပွဲကို Cancel လုပ်လို့ရရဲ့သားနဲ့ ရှေ့ဆက်တိုးခဲ့ တာ အခက်အခဲတွေကြားထဲက’’ ဟု အထက်ပါပွဲစီစဉ်သူက ပြော သည်။

ယင်းဖျော်ဖြေပွဲတွင် ပြည် တွင်းမှ အနုပညာရှင်များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်း များ၊ အမွန်း၊ Mary နှင့် Project K အဖွဲ့တို့ ပါဝင်ဖျော်ဖြေမည် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နံပါတ် (၁)ဟစ်ဟော့ပ်အဖွဲ့ Thaitaniumအဖွဲ့လည်း ဖျော်ဖြေမည်ဖြစ် သည်။

Top News