ဘင်္ဂါလီများအား ရိက္ခာရောင်းသည်ဟုစွပ်စွဲ၍ ရိုက်နှက်အနိုင်ကျင့်သူများကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ရိုက်နှက်အနိုင်ကျင့်ခံရသော ဒေါ်စိုးချေအား ၎င်း၏ နေအိမ်ရှေ့တွင် သတင်းထောက်တစ်ဦးက ဓာတ်ပုံရိုက်ကူးနေစဉ်

ဘင်္ဂါလီများအား ရိက္ခာ ရောင်းသည်ဟုစွပ်စွဲ၍ ရိုက်နှက် အနိုင်ကျင့်သူများကို ပုဒ်မသုံးခု ဖြင့် မြေပုံမြို့မရဲစခန်း၌ စက်တင် ဘာ ၁၆ ရက်တွင် အမှုဖွင့်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံ မြို့မှ လူတစ်စုက ရွာသစ်ကေ ရပ်ကွက်နေ ဒေါ်စိုးချေကိုဘင်္ဂါလီ များအား ရိက္ခာရောင်းသည်ဟု စွပ်စွဲ၍ လက်သီးဖြင့်ထိုးကြိတ် ခြင်း၊ ဆံပင်ဖြတ်ခြင်း၊ အမျိုးသား ရေးသစ္စာဖောက်ဟုစာကပ်၍ မြို့ တစ်ပတ်လှည့်လည်စေခြင်းတို့ ပြုလုပ်ပြီး ယင်းဖြစ်စဉ်တွင်ပါဝင် သူသုံးဦးကို ကာယိနြေ္ဒပျက်စီးမှု ပုဒ်မ ၃၅၄၊ နာကျင်စေမှုပုဒ်မ ၃၂၃၊ အသရေဖျက်မှုပုဒ်မ ၅၀၀ တို့ဖြင့် အမှုဖွင့်ထားသည်။

‘‘ဒီနေ့ပဲ အမှုဖွင့်လိုက်တယ်။ သုံးယောက်ကို အမှုဖွင့်တာ။ ဒေါ် မစိုး၊ ဒေါ်အေးဝင်းကြည်ရယ်၊ အမည်မသိတစ်ယောက်လို့ပါ တယ်’’ ဟု မြေပုံမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက စက်တင်ဘာ ၁၅ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။

ရိုက်နှက်အနိုင်ကျင့်ခံရသူ ဒေါ်စိုးချေသည် ရရှိထားသော ဒဏ်ရာများမသက်သာ၍ စက် တင်ဘာ ၁၅ ရက်တွင် စစ်တွေ ဆေးရုံသို့တက်ရောက်ပြီး စက် တင်ဘာ ၁၆ ရက်တွင် စစ်တွေ ဆေးရုံ၌ ဆက်လက်ဆေးကုသမှု ခံယူနေကြောင်း ဒေါ်စိုးချေနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ဒေါ်စိုးချေသည် ဘင်္ဂါလီများ အားရိက္ခာရောင်းချရန် သွား ရောက်ခြင်းမဟုတ်ဘဲ မိသားစုအ တွက်ဈေးဝယ်အပြန်တွင် မြေပုံ သင်္ဘောဆိပ်အနီး၌ လူမှုအဖွဲ့အ စည်းတစ်ခုက ၀ိုင်းရိုက်နှက်ပြီးလူ အင်အားများပြားကြောင်း ရွာသစ် ကေရပ်ကွက်အုပ်ချုပ်ရေးမှူးဦး ကျော်မြင့်က စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။

ဝိုင်းရိုက်နှက်အနိုင်ကျင့် သည့် လူအုပ်စုသည် အင်အား များပြားကြောင်း ကာယကံရှင် ဒေါ်စိုးချေနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးကျော်မြင့်တို့ကဆိုသော် လည်း ခန့်မှန်းအရေအတွက်ကို ပြောပြနိုင်ခြင်းမရှိပေ။

ယင်းသို့ ရိုက်နှက်အနိုင် ကျင့်ခြင်း၊ ဆံပင်ဖြတ်ခြင်းများပြု လုပ်ပြီးနောက် အမျိုးသားသစ္စာ ဖောက်ဟု ရေးသားထားသော ကတ်ထူစက္ကူကို ဒေါ်စိုးချေ၏ လည်ပင်းတွင်ချိတ်ဆွဲပေး၍ မြေ ပုံမြို့ တစ်ပတ်လှည့်လည်စေ သည့် ဓာတ်ပုံများလူမှုကွန်ရက်၌ ပျံ့နှံ့ပြီး ယင်းဖြစ်စဉ်ကို ဝေဖန် ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ သည်။