မြန်မာ့ဒီမိုကရေစီအခြေခံအုတ်မြစ်ခိုင်မာရေးတွင် အနုပညာရှင်များ၏ အခန်းကဏ္ဍအရေးကြီးဟု ဦးဖြိုးမင်းသိန်းပြောကြား

အခမ်းအနားသို့ တက်ရောက်လာသော ဦးဖြိုးမင်းသိန်းနှင့် အနုပညာရှင်ကြီးများ (ဓာတ်ပုံ − ဇွဲဥာဏ်)

 မြန်မာနိုင်ငံ၏ ဒီမိုကရေ စီ အခြေခံအုတ်မြစ်ခိုင်မာရန် ဆက်လက်ကြိုးပမ်းရာတွင် အနု ပညာရှင်များ၏ အခန်းကဏ္ဍ သည် အရေးကြီးသည့်ကဏ္ဍ၌ ပါဝင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားသည်။

‘‘ရုပ်ရှင်ဟာ ထိရောက်တဲ့ စွမ်းဆောင်နိုင်မှုပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်စိနဲ့ရော၊ နားနဲ့  ရော ကြားခဲ့ရတဲ့ အခြေအနေတစ် ခုမှာ လူတွေရဲ့ စိတ်နှလုံးကို အ များကြီးပြုပြင်ပြောင်းလဲစေပါ တယ်။ ကျွန်တော်တို့ ၈၈ ကာလ မှာ ဟောပြောတဲ့နေရာမှာ အနု ပညာသည် တစ်ယောက်လာ ဟောပြောမယ်ဆိုရင် လူထုက ဒီ အနုပညာသည်ကို အင်နဲ့အားနဲ့ ထောက်ခံကြိုဆိုကြတယ်’’ဟု စက်တင်ဘာ ၁၅ ရက်က ပြုလုပ် သည့် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲ တော်ဖွင့်ပွဲအခမ်းနားတွင် ဦးဖြိုး မင်းသိန်းက ပြောသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရန် ကြိုးပမ်းသူများကို ကျေးဇူးတင် ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုက ရေစီနိုင်ငံဖြစ်ရန် ၁၉၈၈ က စတင် ကြိုးပမ်းခဲ့ပြီး ယင်းအချိန်ကတည်းက အနုပညာရှင်များ၏ ပါဝင်မှု ကို လူထုက အလေးအနက်ထား ကြောင်း ဒီမိုကရေစီအရေး ကြိုး ပမ်းရာတွင် အနုပညာရှင်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဥပမာပေးပြောကြားသည်။

ဒီမိုကရေစီရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို စက်တင်ဘာ ၁၅ ရက်က သမ္မတ၊ Junction City နှင့် နဝဒေး ရုပ်ရှင်ရုံများတွင် ပြုလုပ်ခဲ့ပြီး ရန် ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် ပြန်ကြားရေးဝန်ကြီး၊ ပညာရေး ဝန်ကြီးတို့နှင့်အတူ ရုပ်ရှင်အစည်း အရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။

ယင်းရုပ်ရှင်ပွဲတော်တွင် ရုပ် ရှင်ဇာတ်ကား ငါးကားပြသမည် ဖြစ်ပြီး ဖွင့်ပွဲပြုလုပ်သည့် စက်တင်ဘာ ၁၅ ရက်၌ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ရုပ်ရှင်ရုံ ၄၇ ရုံ တွင် ပြသမည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို အများပြည်သူအကြား၌ ဒီမိုကရေ စီအသိစိတ်ဓာတ် ပြန့်ပွားနိုင်ရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိရက်သတ္တတစ်ပတ်ကြာ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အထက်ပါအခမ်းအနား၌ ပြောကြားသည်။

Top News